ပရိသတ်ကြီးရေ ဂီတလောကမှာ အောင်မြင်မှုတွေကိုရရှိထားတဲ့ နီနီခင်ဇော် နဲ့ မိစန္ဒီ ကတော့ ပရိသတ်တွေကိုယ်စီဖြင့် နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့ ထွက်ရှိခဲ့တဲ့ သီချင်းတွေကလည်း လူကြိုက်များပြီး လူငယ်တွေကြားမှာ ရေပန်းစားကြိုက်နှစ်သတ်ခဲ့ကြတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ရင်ခုန်စရာကောင်းလောက်တဲ့ အလှရားလေးတွေကို အသီးသီးပိုင်ဆိုင်ထားပြီး ချစ်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေချစ်အားပိုနေရတဲ့ သူတွေပဲဖြစ်ပါတယ်။

Photo Credit - KMA Photography
Photo Credit - KMA Photography
Photo Credit - KMA Photography

နီနီခင်ဇော် နဲ့ မိစန္ဒီ တို့နှစ်ယောက်ကတော့ ဂီတလောကမှာ ဒီထပ်မက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးနိုင်တဲ့ အဆိုတော်ကောင်းတွေဖြစ်အောင်လည်း ကြိုးစားနေသူတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အမြဲလိုလို သူတို့ ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလျက်ရှိတာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ နီနီခင်ဇော်က ဇွန်လ ၂၅ ရက်နေ့မှာ သူငယ်ချင် းမိစန္ဒီ ရန်ကုန် တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်လေးတွေအတွက် သွားလှူရင်း ပျော်ပျော်ရွှင်ရွှင် နဲ့ လည်ပတ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - KMA Photography
Photo Credit - KMA Photography
Photo Credit - KMA Photography

ဒီပုံရိပ်လေးတွေနဲ့လည်း နီနီခင်ဇော်က " YANGON ZOO ကပိတ်ထားတာကြာပါပြီ အထဲကကလေးတွေအားလုံးကို မနေ့က ညနေစာအတွက်သူငယ်ချင်းနဲ့ လှူဖြစ်ပါတယ်..... Ninians တွေလည်းကိုယ့်သူငယ်ချင်းတွေနဲ့ စုပြီးလှူနိုင်ပါတယ်....Booking ကြိုယူပါနော်.....ခြောက်ကပ်နေတဲ့Yangon Zoo ထဲက ကလေးတွေဘဝကတော်တော် ပျင်းနေမှာပါ...နီနီတို့ သူငယ်ချင်းနှစ်ယောက်အလှူကို သာဓုခေါ်ရင်း သူများတွေလှူနိုင်အောင်ပြောပေးနော်...." ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ သူငယ်ချင်းနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ရန်ကုန် တိရစ္ဆာန်ရုံကို လည်ပတ်ခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - KMA Photography
Photo Credit - KMA Photography
Photo Credit - KMA Photography

Photo Credit - KMA Photography

source -Ni Ni Khin Zaw's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။