ပရိတ်သတ်ကြီးရေ...... ချစ်စဖွယ်အမူအရာလေးနဲ့ဖြူဖွေး၀င်းဥတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားတဲ့ Mrtv-4မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာမော်ဒယ်တစ်ယောက်အနေနဲ့အနုပညာလောကထဲ စတင်၀င်ရောက်လာပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါရပ်တည်အောင်မြင်နေသူတစ်ယောက်ပါ။ ချစ်စဖွယ်အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိတဲ့နန်းစန္ဒာလှထွန်းဟာ ပရိတ်သတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်ရတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Photo credit-Nan Sandar Hla Htun's Facebook acc
Photo credit-Nan Sandar Hla Htun's Facebook acc

နန်းစန္ဒာလှထွန်း ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲအတော်များများဟာ ပရိတ်သတ်တွေကြားထဲမှာရေပန်းစားလူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ ကျွန်တော်အမုန်းဆုံးကျွန်တော်ဆိုတဲ့ဇာတ်လမ်းတွဲမှာလည်း သူမဟာအေးဖြူအနေနဲ့အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်နော်။ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် သူမဟာပရိတ်သတ်အားပေးလက်ခံတဲ့မင်းသမီးတစ်ယောက်ပါနော်။

Photo credit-Nan Sandar Hla Htun's Facebook acc
Photo credit-Nan Sandar Hla Htun's Facebook acc

နန်းစန္ဒာလှထွန်းဟာ သူမရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာတွင် "နန်းစိန်လေးပါပဲရှင်သတိ !!! အကုန်မကြည့်ရ" ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nan Sandar Hla Htun's Facebook acc
Photo credit-Nan Sandar Hla Htun's Facebook acc

Source-Nan Sandar Hla Htun's Facebook acc

Photo credit-Nan Sandar Hla Htun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။