ပရိသတ်အချစ်တော် မင်းသားချောလေး အလင်းရောင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချောမောခန့်ညားပြီး ယောကျ်ားပီသတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အလင်းရောင်ဟာ ရုပ်ရှင်ဇာတ်ကားတွေလည်း များစွာ ရိုက်ကူးသရုပ်ဆောင်နေရသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Oak Karr
Photo Credit - Oak Karr

မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ မင်းသားချောလေး အလင်းရောင်ဟာ တိရိစ္ဆာန်လေးတွေကို အစာကျွေးကူသိုလ်ယူခဲ့တဲ့ အမှတ်တရလေးတွေကို ဝေမျှလာပါတယ်နော်..။

သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က တိရိစ္ဆာန်လေးတွေကို အစာကျွေးကုသိုလ်ယူခဲ့တာဖြစ်ပြီး ပီတိဖြစ်ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Oak Karr
Photo Credit - Oak Karr

"မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစုရဲ့ စုပေါင်းအလှူလေးပါ

အခုလိုကာလမှာ တိရစ္ဆာန်ရုံလည်း ပိတ်ထားရတော့ လာလည်တဲ့သူတွေမရှိတဲ့အခါ... သူတို့လေးတွေလည်း အရင်လိုတော့ မစားရရှာဘူးပေါ့

သနားစရာကောင်းတဲ့ သူတို့လေးတွေကို အစာအာဟာရ လှူဒါန်းခွင့်ရတဲ့အတွက်လည်း ကြည်နူးပီတိဖြစ်ရပါတယ်... တတ်နိုင်သလောက် သွားရောက်လှူဒါန်းဖို့လည်း တိုက်တွန်းပါရစေ..... " ဆိုပြီး အမှတ်တရတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ပျော်စရာအမှတ်တရလေးတွေနဲ့ ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ အလင်းရောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Photo Credit - Oak Karr
Photo Credit - Oak Karr

Source - ALINNYAUNG's Fb Account

Photo Credit - Oak Karr

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။