ပရိတ်သတ်ကြီးရေ....စိုးညီအစ်မတွေထဲကတစ်ဦးဖြစ်တဲ့ ရိုးရိုးယဉ်ယဉ်လေးနဲ့အမြဲလှနေလေ့ရှိတဲ့စိုးပြည့်သဇင်ကိုသိကြတယ်မလား။ သူမဟာ ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး မိုးညအိမ်မက်မြူဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိထားတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

စိုးပြည့်သဇင်ဟာ ပညာရေးဘက်ကိုဦးစားပေးပြီးအနုပညာအလုပ်တွေခဏရပ်နားထားခဲ့ပေမယ့် ယခုအခါမှာအနုပညာအလုပ်တွေကိုပြန်လည်ကြိုးစား‌လုပ်ဆောင်နေပြီဖြစ်ပါတယ်။ သူမဟာ ရိုးရိုးအေးအေးလေးနေထိုင်တတ်သူတစ်ယောက်လည်းဖြစ်ပြီး အေးချမ်းတဲ့အလှတရားလေးကို ပိုင်ဆိုင်ထားသူလေးဆိုလည်းမမှားပါဘူး။ ဒါ့ပြင်စိုးပြည့်ဟာ အိမ်မှုကိစ္စတွေလည်းကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပြီး အချက်အပြုတ်ပိုင်းမှာလည်း တော်တဲ့မင်းသမီးလေးပါနော်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

စိုးပြည့်သဇင်ဟာ အိမ်နေရင်းနဲ့တောင် ဘာမှပြင်ဆင်စရာမလိုပဲ လှနေပြီးသားမင်းသမီးလေးပါနော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ"အမည်ပေးလိုက်ချင်တယ်လေ...မိုးစက်တင်လေ" ဆိုတဲ့ captionလေးနဲ့ မိုးရွာထဲမှာဆော့ကစားနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် စိုးပြည့်ရဲ့ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

Source-Soe Pyae Thazin's Facebook acc

Photo credit-Soe Pyae Thazin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။