Flappy Bird ဆိုတဲ့ဂိမ်းဟာ ၂၀၁၃ခုနှစ် မေလ ၂၄ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကစားနိုင်တဲ့ Platform ကတော့ Android နဲ့ iOS တို့မှာဆော့ကစားနိုင်ပါတယ်။ ဒီဂိမ်းလေးဟာ လူတိုင်းဆော့မကစားကြပေမဲ့လဲ ဆော့ဖူးတဲ့သူတိုင်းကတော့ တော်တော်လေးကို စိတ်ထဲ ဒေါသတွေထွက်ခဲ့ဖူးမှာပါ။ ကြာပြီဆိုပေမဲ့လဲ ဘယ်သူမှ မနိုင်ဖူးတဲ့ ဂိမ်းကို အဆုံးသတ်ရှိတယ်ဆိုတော့ ဘယ်သူက ယုံမှာလဲ။   

ဆော့ကစားတဲ့သူတိုင်းကတော့ ဒီလိုဂိမ်းမျိုးကို ပြီးနိုင်မှာ မဟုတ်ပါဘူးလို့ တွေးကြတဲ့သူက ၁၀၀မှာ ၉၉လောက်ရှိကြမှာပါ။ သင်ကိုယ်တိုင်လဲ ကစားဖူးရင် အဲ့လိုပဲတွေးမိမှာပါ။ တကယ်တော့ ဂိမ်းဟာ အမှတ်တစ်ခုကို ရောက်တဲ့အခါ ပြီးသွားနိုင်ပါတယ်။ အရင်းဆုံး ဂိမ်းကစားပုံကို ပြောပြပါမယ်။ ငှက်လေးတစ်ကောင် အတားအစီးတွေနဲ့မထိအောင် Screen ကိုတစ်ချက်တစ်ချက်ထိပေးပြီး ရှောင်ပေးရတဲ့ Game ပဲဖြစ်ပါတယ်။   

အတာအဆီးတစ်ခုကို ကျော်ပြီးတိုင် တစ်မှတ်ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ အတားအဆီးတွေဆိုတာ ရှောင်ဖို့မလွယ်တဲ့ အရာတွေပါ။ အဲ့အပြင် ဂိမ်းကစားရတာကလဲ အဆုံးမရှိတဲ့အရာတစ်ခုကို ဆော့ကစားနေရသလို ဖြစ်တာကြောင့် ဘယ်သူမှ အဆုံးရှိမယ် ပြီးမယ်လို့မထင်ကြပါဘူး။ သို့သော်လဲ ဒီဂိမ်းမှာ အဆုံးရှိပါတယ်...ဒါပေမဲ့ သင်ထင်ထားသလို ပြီးသွားတဲ့အခါ နိုင်ပြီးလို့ မတွေးပါနဲ့။ အမှတ် ၉၉၉ ကိုရောက်ရှိတဲ့အခါမှာ Mario နဲ့တွေ့ပြီး Mario သတ်လို့ခံရကာ ဂိမ်းပြီမှာဖြစ်ပါတယ်။ ဆော့ကစားကြည့်ပါ.....။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။