ပရိတ်သတ်ကြီးရေ......ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိလာတဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ 3 Girlsရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ ဒါ့ပြင်သုသုလေးဟာ ဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်။
ပိုင်ဖြိုးသုနဲ့ဏကြီးတို့ ဇနီးမောင်နှံဟာ အတွဲညီညီနဲ့အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပြီး အောင်မြင်မှုတွေအပြည့်အ၀ရရှိထားကြတာပါ။ သုသုလေးဟာ ခင်ပွန်းဖြစ်သူရဲ့အပေါ်မှာတော့ ကလေးတစ်ယောက်လိုချွဲပြီး နေတတ်တဲ့သူလေးဖြစ်ပါတယ်နော်။ပိုင်ဖြိုးသုဟာ မကြာခဏဆိုသလို သူမတို့မိသားစုလေးရဲ့အကြောင်းတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိပါတယ်။
မကြာသေးမီကလည်း သုသုလေးဟာသူမရဲ့ Facebookစာမျက်နှာတွင် "ဒီနေ့နံနက်လမ်းလျှောက်မယ့်အစား တောင်ဝိုင်းသွားခဲ့တာ....calorie တွေအကြီးအကျယ် burn တာပါ....ချွေးကရေချိုးထားသလိုပဲအဲဒါနဲ့ညနေ ဆော့နေကျcardio လေးတောင်မဆော့နိုင်တော့ဘူး မဆော့နိုင်သော်လည်း ညစာလေးတော့ထွက်စားလိုက်ဦးမလို့...အစားကလူနဲ့တည့်တယ်မလား...ညစာမစားခင်ပုံလေးတွေလမ်းကြုံလာတင်တာ" ဆိုပြီးရေးသားကာ တောင်ဝိုင်းတောင်ပေါ်ကအမှတ်တရပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။