ပရိသတ်တော်‌တော်များများ သမိုင်းထဲက အဖြေရှာမရတဲ့ ဖြစ်ရပ်တွေကို စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ အဲ့ဒီဖြစ်ရပ်တွေ ဘယ်လောက်ထိဆိုးလဲဆိုရင် ယနေ့ထိတောင် ထုတ်ဖော်သက်သေမပြနိုင်တဲ့ အမှုတွေပဲဖြစ်ကာ သီအိုရီတွေလောက်ပဲ ထုတ်နိုင်တဲ့ ဖြစ်ရပ်တွေတော်တော်များများရှိပါတယ်။ အဲ့ဒီလို အဖြေမရှိတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ Jack The Killer ဆိုတဲ့အမှုဟာလဲ လူသိများတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။  

ယနေ့ထိတိုင် အဲ့ဒီ Jack ဆိုတဲ့သူဟာ ဘယ်သူလဲဆိုတာကို မဖော်ထုတ်နိုင်းသေးပါဘူး။ ဒီဂိမ်းလေးဟာဆိုရင်တော့ တကယ်ဖြစ်ရပ်ကို အခြေခံထားတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ပရိသတ်တော်တော်များများလဲ Jack The Killer ကိုသိရှိကြမယ်လို့ထင်ပါတယ်။ ဒီဖြစ်ရပ်ဟာ Philadelphia မှာဖြစ်ပွားသွားခဲ့တာဖြစ်ပြီး ဇာတ်လမ်းရဲ့အစကတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။  

တစ်ရက်မှာ သင့်ရဲ့ရုံးခန်းရှေ့ကို ထူးဆန်းတဲ့ အထုပ်တစ်ခုနဲ့အတူ သော့ခတ်ထားတဲ့ သေတ္တာတစ်လုံးဟာ ရောက်ရှိလို့လာခဲ့ပါတယ်။ အဲ့အထုပ်ကိုရရှိပြီးမကြာခင်မှာပဲ ထူးဆန်းတဲ့ လူတစ်ယောက်စီက ဖုန်းကို လက်ခံရရှိခဲ့ပြီး အဲ့သူက သူကိုယ်သူ Jack လို့ခေါ်ပါတယ်။ သူပြောသွားတာကတော့ စုံထောက်နေရာကနေ ကစားမဲ့သင့်ကို လူကယ်ဖို့အတွက် အချိန်တစ်နာရီရမယ်လို့ ပြောသွားပါတယ်။ သင့်ကိုလဲ သဲလွန်စတစ်ခုပဲပေးထားခဲ့ပါတယ်။ ဒါဆိုရင် Jack ကဘယ်သူလဲ သူကဘာကိုလိုချင်လို့လဲ...သင့်အနေနဲ့သိချင်ရင်တော့ ကိုယ်တိုင်ပဲ ဆော့ကြည့်လိုက်ပါ။ စိတ်ဝင်စားဖွယ်ကောင်းတာကို ခံစားရပါလိမ့်မယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။