ကမ္ဘာ့ အန္တရာယ် အများဆုံး ပင်လယ်သမုဒ္ဒရာတစ်ခုဖြစ်တဲ့ "Schitovaya Bukhta" ကမ်းခြေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ Shield ပင်လယ်အော်မှ Schitovaya Bukhta ကမ်းခြေဟာ ပင်လယ်ပြင်တွင် လျှောစီးခွင့် ခွင့်ပြုမိန့်ရရှိရန် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံရန် လိုအပ်သော်လည်း ရေလွှာလျှောစီးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။
ထိုဧရိယာ အတွင်းမှာ ကန့်သတ်ထားတဲ့ စစ်အခြေစိုက်စခန်းများရှိနေကာ ကျွန်းဆွယ် အခြားတစ်ဘက်မှာ ရုရှား ရေတပ်မတော် Vladivostock နှင့် အသုံးမပြုတော့သည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများရှိနေပါတယ်။ ထိုအရာတို့မှ ထွက်ရှိနေတဲ့ ရောင်ခြည်များဟာ အချို့သော မတော်တဆမှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။
ရုရှား သတင်းဌာနများရဲ့ လျှို့ဝှက်တတ်သော သဘာဝအရ အသေးစိတ်သိရှိရန် ခက်ခဲခဲ့ပါတယ်။ shield ပင်လယ်အော်ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ Ussuri ပင်လယ်အော်ခြားလျက် Bolshoi Kamen တွင် Zvezda ရေတပ်သင်္ဘောကျင်းရှိပြီး ထိုစခန်းမှာ ရေဒီယိုသတ္တိကြွ ပစ္စည်းများထားရှိတဲ့ မြေအောက်သိုလှောင်ရုံများရှိပါတယ်။ ထို့ကြောင့် ထိုပင်လယ်ကမ်းခြေမှာ ရေဒီယို သတ္တိကြွစွန့်ပစ် ပစ္စည်းများရှိနေသဖြင့် ရေလွှာလျှောစီးသူများအတွက် အန္တရာယ်ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။