အဆိုတော်Rဇာနည်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေကိုဆွတ်ခူးထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ Rဇာနည်ကတော့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်ပါတယ်။ 

photo credit : Zarni Myonyunt 's facebook acc
photo credit : Zarni Myonyunt 's facebook acc

Rဇာနည်ကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်သလို တစ်ဖက်မှာလည်း မိသားစုကိုအချိန်အပြည့်အဝပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ Rဇာနည်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို ဖန်တီးထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Zarni Myonyunt 's facebook acc
photo credit : Zarni Myonyunt 's facebook acc

Rဇာနည်ကတော့ ယခုမှာ မိုးရေထဲမှာ သားသားလေးတွေနဲ့ ရေဆော့ကစားပေးပြီး ပျော်ရွှင်စရာအချိန်တွေဖန်တီးပေးနေခဲ့ပါတယ်။ Rဇာနည်ကတော့ " My တနင်္ဂနွေ " ဆိုပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အာဇာနည်တို့ မိသားစုလေးရဲ့ ပျော်ရွှင်ကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Zarni Myonyunt 's facebook acc

photo credit : Zarni Myonyunt 's facebook acc
photo credit : Zarni Myonyunt 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။