ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးမှုတွေကို ရရှိထားနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ သူဟာ ဗီဒီယို ဇာတ်ကားများနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ပြီး ယခုချိန်မှာတော့ ပြည်ပနိုင်ငံတွင် နေထိုင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ပြည်ပမှာ နေရင်းနဲ့လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Crd- Okkar Min Maung’s Facebook Page
Photo Crd- Okkar Min Maung’s Facebook Page
Photo Crd- Okkar Min Maung’s Facebook Page

သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာဘဲ ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေက အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။ ဝေဖန်မှုတွေများစွာရှိသော်လည်း ကြံ့ကြံ့ခိုင်ကာ စိတ်ကူးထားတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ ရှိသူ တစ်ယောက်ပါ။

Photo Crd- Okkar Min Maung’s Facebook Page
Photo Crd- Okkar Min Maung’s Facebook Page
Photo Crd- Okkar Min Maung’s Facebook Page

အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " သူတယောက်ထဲအတွက် ကျွန်တော်ဆိုပြတဲ့သီချင်းလေးများနဲ့ ညအိပ်ယာဝင်တေး.. ကပ်ချွဲနှပ်ချွဲ ပလီပလာအီကြာနေကြာကွာစိ ဟီးဟီး ကျွန်တော်တို့ရဲ့တနေ့တာ အမှတ်တရ" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ညအိပ်ယာဝင်ခါနီးတိုင်း ချစ်သူကိုသီချင်းဆိုပြကာ ချော့သိပ်နေတဲ့ ဥက္ကာမင်းမောင်ရဲ့ Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Okkar Min Maung’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။