ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး စံရတီမိုးမြင့် ကတော့ သွယ်လျကျစ်လျစ်တဲ့ခန္ဓာကိုယ်အလှတရားတွေအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေချစ်ခင်မှုကို အပြည့်သိမ်းပိုက်ထားတဲ့ သူလေးပဲဖြစ်ပါတယ်။ စံရတီမိုးမြင့်က သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့်လည်း အောင်မြင်မှုတွေကိုရရှိနေတာဖြစ်ပါတယ်။ သူမကတော့ တစ်နေ့တစ်ခြား အရွယ်တင်နုပျိုပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတာကိုလည်း ပရိသတ်တွေ ချစ်အားပိုနေရတာဖြစ်ပါတယ်။

Photo Credit - Aung Kyaw Tun
Photo Credit - Aung Kyaw Tun

လတ်တလောမှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာအလုပ် ခေတ္တရပ်နားထားခဲ့ကာ ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ အနားယူနေတာဖြစ်ပါတယ်။စံရတီမိုးမြင့်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်သလို ပျိုမဒီလေးတွေ လေးစားအားကျရတဲ့ ခပ်မိုက်မိုက်ဖက်ရှင်ဝတ်စုံလေးတွေကို အမြဲဝတ်ဆင်တက်တာကို တွေ့ရပါတယ်။ ယခုတစ်ခုမှာလည်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် စံရတီမိုးမြင့် ဟာ မြင်သူတိုင်းငေးမောသွားလောက်မယ့် ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung Kyaw Tun
Photo Credit - Aung Kyaw Tun

ဒီပုံလေးတွေထဲမှာတော့ ရိုးရှင်းအေးချမ်းလှတဲ့ လိုက်ဖက်တဲ့ ရိုးရာဝတ်စုံလေးကို ဝတ်ပြီး လှရက်လွန်းနေကာ ဆွဲဆောင်မှုရှိရှိ ချစ်စရာအမူရာလေးတွေနဲ့ မြင်သူတိုင်းချစ်အားပိုစေအောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ကျက်သရေရှိပြီး လှပချောမောနေတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့် ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်မျိုးလေးလှသွေးကြွယ်နေတဲ့ စံရတီမိုးမြင့် ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Kyaw Tun
Photo Credit - Aung Kyaw Tun

Photo Credit - Aung Kyaw Tun

Source -San Yati Moe Myint 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။