ပရိသတ်ကြီးရေ အဆိုတော်အိမ့်ချစ်ကတော့ မကြာသေးခင်မှ ချစ်သူနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်တာဖြစ်ပါတယ်။အိမ့်ချစ်တို့ချစ်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အေးအတူပူအမျှချစ်လာကြတာဖြစ်ပါတယ်။အိမ့်ချစ်ရဲ့ချစ်သူက သူမကို ရိုဆန်ဆန်လေးလက်ထပ်ခွင့်တောင်းခဲ့တာကိုလည်း ပရိသတ်ကြီးသိခဲ့မှာပါနော်။

Photo Credit:Eint Chit's Facebook Account
Photo Credit:Eint Chit's Facebook Account
Photo Credit:Eint Chit's Facebook Account

အိမ့်ချစ်တို့ချစ်သူနှစ်ယောက်က Covid19 ကြောင့် လက်ထပ်ပွဲကိုနောက်ဆုတ်လိုက်ရပြီး နှစ်ယောက်သားမင်္ဂလာလက်မှတ်ပဲရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ကိုဗစ်ကာလပြီးသွားမယ့်အချိန်မှာတော့ ပွဲလေးတစ်ပွဲလုပ်ဖို့ကို အိမ့်ချစ်တို့ကစီစဉ်ထားကြပါတယ်နော်။ပရိသတ်တွေကတော့ အိမ့်ချစ်ကိုလည်း ချစ်ကြသလို သူမရဲ့အမျိုးသားကိုလည်းချစ်ခင်ကြပါတယ်။

Photo Credit:Eint Chit's Facebook Account
Photo Credit:Eint Chit's Facebook Account
Photo Credit:Eint Chit's Facebook Account

အိမ့်ချစ်တို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ပြီးသွားခဲ့တာဖြစ်ပြီး အိမ့်ချစ်ကလည်း မြန်မာဆန်ဆန်လေးနဲ့အရမ်းလှခဲ့တာပါနော်။အခုဆိုရင်တော့ အိမ့်ချစ်က လက်မှတ်ထိုးတဲ့နေ့က ပြင်ဆင်တဲ့ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။အိမ့်ချစ်ရဲ့ခင်ပွန်းကတော့ ဇနီးချောလေးကို တယုတယနဲ့ကူညီပြင်ဆင်ပေးနေတဲ့ ကြည်နူးစရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Eint Chit's Facebook Account
Photo Credit:Eint Chit's Facebook Account
Photo Credit:Eint Chit's Facebook Account

Source&Photo Credit:Eint Chit's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။