ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်ရဲလေးမကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ မိန်းကလေးလိုဝတ်စားဆင်ယင်ပြီး သရုပ်ဆောင်တာဖြစ်ပါတယ်။ရဲလေးမရဲ့ အမူအရာ၊အိုင်တင်တွေကလည်း ကျရာဇာတ်ရုပ်နဲ့ကိုက်ညီပြီး ပရိသတ်တွေကို ဘဝအမောတွေခဏတာပြေပျောက်သွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ရဲလေးမကတော့ လက်ရှိမှာဆိုရင် တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကိုလည်းလုပ်ဆောင်နေပြီး ဇာတ်ကားတွေကိုလည်း ဖြည်းဖြည်းမှန်မှန်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

ရဲလေးမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သူ့ရဲ့အနုပညာအရည်အသွေးကိုလည်း အားပေးကြသလို သူ့ရဲ့စိတ်ထားလေးကိုလည်းချစ်ကြပါတယ်။ရဲလေးမက လူသားချင်းကိုယ်ချင်းစာနာစိတ်အပြည့်ရှိပြီး သူတတ်နိုင်သလောက်ကို ကြုံရင်ကြုံသလို လှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရဲလေးမက လမ်းပေါ်မှာတွေ့တဲ့ကလေးတွေကို စာနာစိတ်အပြည့်နဲ့ မုန့်ဖိုးလေးတွေပေးပြီး တတ်နိုင်သလောက်ကူညီပေးခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

ရဲလေးမကတော့ "သူတို့လေးတွေလည်းလူထဲကလူပါပဲအနာဂါတ်ပျောက်နေတဲ့သူတို့လေးတွေကိုစာနာတယ်သနားတယ်ဒါ့ကြောင့်တွေ့တဲ့နေရာရောက်တဲ့နေရာတတ်နိုင်သလောက်အမြဲလှူတယ်ပေးတယ် အများကြီးမလှူနိုင်ဘူးနိုင်သလောက်အလှူတယ်အနာဂါတ်အလင်းတစ်ခုထွန်းလင်းပြီး လမ်းကြောင်းမှန်တဲ့ဘဝ‌လေးတစ်ခုအမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဦးရဲလေးမဆုတောင်းရုံမှတစ်ပါး"ဆိုပြီး ရေးသားကာ သူတတ်နိုင်သလောက်လှူခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

Source&Photo Credit:Ye Lay Ma's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။