ဝါသနာပါရာ အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်ကြကာ အောင်မြင်မှုတွေများစွာ ရရှိထားကြသူတွေကတော့ သရုပ်ဆောင် မင်းသားချောလေး ကျော်ကျော်နဲ့ မင်းသမီးချောလေး ဆုမြတ်နိုးဦးတို့ သူငယ်ချင်းနှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဆယ်စုနှစ်တွေကျော်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားကြသူတွေပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ပြောမနာ ဆိုမနာ ရင်းနှီးကြလွန်းတဲ့ သူငယ်ချင်း အရင်းကြီးတွေဖြစ်ကြတာကြောင့် အားလုံးက အားကျနေကြတာပါ။

Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

ဒါ့အပြင် ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးဆတွကိုလည်း N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ. ဆိုတဲ့ Facebook Page မှတစ်ဆင့် အမြဲတင်ဆက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီ Page လေးကို သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကြတဲ့ ကျော်ကျော် ၊ ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်တို့ တည်ထောင်ထားကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ 

Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

အခုမှာလည်း ဒီ Page လေးမှ တစ်ဆင့် အခွီဗီဒီယိုလေး တစ်ခု တင်ဆက်ပေးလိုက် ပြန်ပြီပဲ ဖြစ်ပါတယ်။ ဒါကတော့ ဆုမြတ်နိုးဦးလိုချင်တဲ့ ပစ္စည်းကို ချက်ချင်းရအောင် ဝယ်ပေးသော်လည်း အဆဲခံလိုက်ရတဲ့ ကျော်ကျော်ရဲ့အခွီVideo လေးပဲ ဖြစ်ပါတယ်။ " ချစ်သူလိုချင်တာကို ဝယ်ပေးတတ်သောသူ " ဆိုပြီး တင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုရယ်မောနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- N- H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။