ကိုပေါက်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေသူလေးပဲ ဖြစ်ပါတယ်။ ကိုပေါက်ကတော့ ယခုမှာ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ အမိုက်စားtiktokဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပြီး အဆိုပါဗီဒီယိုဖိုင်လေးဟာ အူတတ်အောင်ရယ်နေရတာကြောင့် ကြည့်ရူသူတွေ များပြားလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
ကိုပေါက်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို မိသားစုနဲ့အတူ ဖြတ်သန်းလျက်ရှိနေတဲ့ ကိုပေါက်ကတော့ ယခုမှာ ချစ်ဇနီးလေးနဲ့အတူ Tiktokမှာခေတ်စားနေတဲ့ နောက်ခံအသံလေးကို သရုပ်ဆောင်ကာ အခွီရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်.......။
ဟာသ ဗီဒီယိုဖိုင်လေးအပြင် " ဖုန်းပြောလို့မရဘူးဆိုလို့ အဆင်ပြေအောင်လုပ်လိုက်တယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး တစ်နေတာရဲ့ အမောတွေပြေပျောက်စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်တွေကလည်း ကိုပေါက်ရဲ့ အဆိုပါ ဟာသ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.။ ဒါ့အပြင် ကိုပေါက်ရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်တွေက အားပေးကြမယ်မလား ..........။
Source & Photo credit - Aung Min Naing 's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။