တစ်ချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တဲ့ မင်းသမီးချောလေးမျိုးစန္ဒီကျော်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်ပုံတွေနဲ့ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နေခဲ့တဲ့ သူမကတော့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။

photo credit : Myo Sandy Kyaw 's facebook acc
photo credit : Myo Sandy Kyaw 's facebook acc

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ချစ်ရတဲ့ သမီးလေးကိုလည်း အချိန်အပြည့်အဝပေးလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်အောင် သင်ကြားပေးတဲ့ဆရာရင်းဖြစ်သူ ဆေးရုံတတ်နေလို့ သွားရောက်ကြည့်ရူပြီးကန်တော့ခဲ့ပါတယ်။

photo credit : Myo Sandy Kyaw 's facebook acc
photo credit : Myo Sandy Kyaw 's facebook acc
photo credit : Myo Sandy Kyaw 's facebook acc

သူမကတော့ ယခုမှာ " အနုပညာလောကမှာ မျိုးစန္ဒီကျော် ဆိုပြီးဖြစ်လာအောင် မြှေတောင်မြှောက်ပေးခဲ့တဲ့ဆရာရင်းဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)နှင်းဆီကုန်းဆေးရုံကြီးမှာ ခါးရိုးခွဲစိတ်ကုသနေတာ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ (တတ်နိုင်သလောက်လေးကုသိုလ်ပြုပါတယ်) "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဆေးရုံတတ်နေရတဲ့ ဆရာဖြစ်သူကို သွားရောက်နေတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source : Myo Sandy Kyaw 's facebook acc

photo credit : Myo Sandy Kyaw 's facebook acc
photo credit : Myo Sandy Kyaw 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။