ပရိသတ်ကြီးရေ.. နန္ဒာလှိုင်လို့ ဆိုလိုက်တာနဲ့ တခေတ်တခါက သရုပ်ဆောင်ကောင်းတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ကျော့ရှင်းတဲ့အလှတရားတွေပိုင်ဆိုင်ထားကာ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိတဲ့ မင်းသမီးချောကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။

အနုပညာအလုပ်တွေ ရပ်နားထားလိုက်ပေမယ့် ပရိသတ်တွေရဲ့အချစ်တွေကို ယနေ့အချိန်ထိ အခိုင်အမာရရှိနေဆဲဖြစ်တဲ့ နန္ဒာလှိုင်ကတော့ ခင်ပွန်းကောင်းအပြင် သမီးလေးတွေနဲ့ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပါပဲ..။

Credit - Zay Thiha's FB Acc
Credit - Nandar Hlaing's FB Acc
Credit - Nandar Hlaing's Fb Acc
Credit - Zay Thiha's FB Acc

ုအနုပညာအလုပ်တွေ ရပ်နားထားပေမယ့် မိသားသုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတာမို့လည်း ပရိသတ်တွေက အားပေးချစ်ခင်သဘောကျနေကြတာဖြစ်ပြီး အခုတစ်ခါမှာလည်း သမီးလေးတွေနဲ့ ရေကူးရေငုပ်ကာ ရေကစားအပန်းဖြေရင်း ပျော်နေတဲ့ သားအမိပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။

မိသားစုပိုင်တဲ့ ဟိုတယ်ဇွဲကပင်ရဲ့ ရေကူးကန်မှာ မိသားစုတွေ ပျော်ပျော်ပါးပါး ရေကူးအပန်းဖြေရင်း ချစ်ဇနီးလေးနဲ့ သမီးလေးတွေ ရေငုပ်ကာ ပျော်နေကြတဲ့ ပုံရိပ်လေးတွေကို ခင်ပွန်းဖြစ်သူက ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

Credit - Zay Thiha's FB Acc
Credit - Zay Thiha's FB Acc
Credit - Zay Thiha's FB Acc
Credit - Zay Thiha's FB Acc

"iphone နဲ့ ဆော့နေကြတဲ့ သမီးတွေ.." ဆိုပြီး ချစ်သမီးလေးတွေနဲ့ ချစ်ဇနီးလေးတို့ရဲ့ ပျော်နေကြတဲ့ ပုံလေးတွေကို ခင်ပွန်းဖြစ်သူ ဦးဇေသီဟက ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း နန္ဒာလှိုင်နဲ့ သမီးလေးတွေရဲ့ ပျော်စရာပုံရိပ်လေးတွေကို ကြည့်ရင်း အပျော်လေးတွေကူးစက်ကာ သဘောကျနေကြပါတယ်နော်..။

Credit - Zay Thiha's FB Acc
Credit - Zay Thiha's FB Acc
Credit - Zay Thiha's FB Acc
Credit - Zay Thiha's FB Acc

Source & Photo Credit - Zay Thiha's FB Acc & Nandar Hlaing's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။