ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီး ထက်ထက်မိုးဦးကတော့ တစ်ခေတ်မှာ ထက်ထက်မိုးဦးခေတ်ရယ်လို့ နာမည်တွင်ခဲ့ပြီး သူမကို ကြော်ငြာဘုရင်မလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ထက်ထက်မိုးဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့နှစ်ကိုယ်ခွဲကားတွေကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page

ထက်ထက်က တစ်ချိန်တုန်းကဆိုရင် ဆံနွယ်ရှည်ရှည်နဲ့ ကျက်သရေရှိစွာလှပခဲ့တာဖြစ်ပါတယ်။သူမရဲ့ ချစ်စရာအမူအရာလေးတွေနဲ့ အပြောအဆိုလေးတွေကလည်း အရမ်းပဲချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကအချစ်ပိုနေရတာပါနော်။ထက်ထက်ကတော့ လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page

ထက်ထက်မိုးဦးက အခုချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ငယ်ငယ်တုန်းကလိုပဲလှပနေတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ ဘဝကိုအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေတဲ့ ထက်ထက်က သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ပျော်ရွှင်စွာအချိန်ကုန်ဆုံးပါတယ်။အခုဆိုရင်လည်း မန္တလေး(၇)မိုင်ကျော်က ကဗြူးရွာကိုသွားရောက်လည်ပတ်ပြီး အရမ်းပျော်နေတဲ့ ထက်ထက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page

Source&Photo Credit:Htet Htet Moe Oo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။