မင်းသမီးချောလေး အိချောပိုကတော့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေနဲ့အတူ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှနဲ့ ပုရိသတွေကို ရင်ဖိုအောင်ဖမ်းစားနိုင်စွမ်းရှိတဲ့ အိချောပိုက ယောက်ျားလေးပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိချောပိုက တစ်နေ့ထက်တစ်နေ့ဆိုသလို အလှတွေပိုတိုးလို့နေတာ ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc

အိချောပိုက ကိုယ်လုံးကိုယ်ပေါက်လှပသူလေး ဖြစ်တာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တင့်တယ်မှုရှိပြီး ကြည့်ကောင်းနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပိုက အိမ်မှာနေရင်း အမိုက်စား Tik Tok ဗီဒီယိုလေးတွေလည်းရိုက်ကူးပြီး ပရိသတ်တွေအတွက် မျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလည်း အိချောပိုက ကြည်လင်ဝင်းပတဲ့မျက်နှာလေးနဲ့ စွဲမက်ဖွယ်ကောင်းနေတဲ့ ဗီဒီယိုလေးကို တင်ပေးထားပါသေးတယ်။

Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc

အိချောပိုက အင်္ကျီအနီရဲရဲလေးကိုဝတ်ဆင်ထားပြီး စူးရှတောက်ပတဲ့အကြည့်လေးတွေနဲ့ ညို့ယူဖမ်းစားထားတာပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ အားလုံးငေးကြည့်ရလောက်အောင် လှနေတဲ့ အိချောပိုကတော့ တကယ့်ကိုကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Ei Chaw Po's Tik Tok Acc  

Photo Credit-Ei Chaw Po's FB Story
Photo Credit-Ei Chaw Po's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။