ပွင့်ပွင့်လင်းလင်းနဲ့ သွက်သွက်လက်လက်နေတတဲ့ ပုံစံလေးကြောင့် ပရိသတ်တွေ ချစ်မ၀ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်အိုက်တင်တွေဟာလည်း တစ်ကားထက်တစ်ကား ပိုမိုပီပြင်ကောင်းမွန်လာမှုတို့ကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Kyaw Kyaw Win's Facebook Account
Photo Crd - Phway Phway's Facebook Page
Photo Crd - Phway Phway's Facebook Page
Photo Crd - Phway Phway's Facebook Page

ခရီးတွေ မကြာခဏ ထွက်ရတာကို နှစ်သက်တဲ့ ဖွေးစိန်လေးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က တောင်ကြီး ၊ အင်းလေး ၊ ကလောကို ချစ်မေမေ၊ မောင်လေးနဲ့ ချစ်ခင်ရတဲ့ အစ်မတွေနဲ့အတူ အပန်းဖြေခရီး သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကြည့်ရှုနိုင်အောင် အချိန်နဲ့ တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ ဖခင်ဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ပေးထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Kyaw Kyaw Win's Facebook Account
Photo Crd - Kyaw Kyaw Win's Facebook Account
Photo Crd - Kyaw Kyaw Win's Facebook Account
Photo Crd - Kyaw Kyaw Win's Facebook Account

ဒါကတော့ ဘုရားမှာ တံမြက်စည်းလှည်းကာ တက်ညီလက်ညီနဲ့ ဝေယျာဝစ္စကုသိုလ်ယူနေကြတဲ့ ဖွေးစိန်တို့ မောင်နှမနှစ်ယောက် ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။  

ဖွေးစိန်လေးဟာ မကြာသေးခင်ကလည်း သူငယ်ချင်းတွေနဲ့အတူ အေးချမ်းလှတဲ့ ကလောမြို့လေးကို သွားရောက်လည်ပတ်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖွေးစိန်လေးတို့ မောင်နှမ နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Phway Phway's Facebook Page and Kyaw Kyaw Win's Facebook Account 

Photo Crd - Kyaw Kyaw Win's Facebook Account
Photo Crd - Phway Phway's Facebook Page
Photo Crd - Kyaw Kyaw Win's Facebook Account
Photo Crd -Kyaw Kyaw Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။