ပရိသတ်ကြီးရေ မင်းသားချောတစ်ယောက်ဖြစ်တဲ့ ဖြိုးငွေစိုးကတော့ ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဖြိုးငွေစိုးက ဇာတ်ရုပ်အားလုံးကို ပီပြင်ပိုင်နိုင်ပြီး သူ့ရဲ့ဟာသဇာတ်ကားတွေကိုဆိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြပါတယ်။ဖြိုးငွေစိုးဟာဆိုရင် လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Zin Zin's Facebook Account
Photo Credit:Zin Zin's Facebook Account
Photo Credit:Zin Zin's Facebook Account

ဖြိုးငွေစိုးက အရမ်းချောတဲ့ဇနီးချောလေးကိုလည်း ပိုင်ဆိုင်ထားသလို သူနဲ့ချွတ်စွပ်တူတဲ့သားချောလေးတစ်ယောက်လည်းရှိတာကြောင့် ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်နော်။ဖြိုးငွေစိုးက မိသားစုအပေါ်မှာလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ဖြိုးငွေစိုးရဲ့တစ်ဦးတည်းသောသားလေးကတော့ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီဖြစ်ပြီး ဖေဖေနဲ့လည်းပိုပိုတူလာပါတယ်။

Photo Credit:Zin Zin's Facebook Account
Photo Credit:Zin Zin's Facebook Account
Photo Credit:Zin Zin's Facebook Account

အခုဆိုရင်လည်း ဖြိုးငွေစိုးရဲ့ချစ်ဇနီးက"ဖအေလုပ်သလို ဆံပင်ကိုgelလူးချင်ပါတယ်ဆိုလို့ ဝယ်ပေးထားတာ... မအေလူးပေးတာ သူကစိတ်တိုင်းမကျ သူဟာသူ့လူးပြီး ဓါတ်ပုံရိုက်ပေးပါတဲ့ လူပျိုဇာတ်လမ်းစပြီ"ဆိုပြီး သားချောလေးရဲ့ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။ဖြိုးငွေစိုးရဲ့သားလေးကလည်း ဆံပင်ကိုGel သေချာလူးပြီး အမိုက်စားအိုင်တင်နဲ့ပိုစ့်ပေးကြမ်းနေကာ ဖေဖေ့ထက်တောင်ချောနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zin Zin's Facebook Account
Photo Credit:Zin Zin's Facebook Account
Photo Credit:Zin Zin's Facebook Account

Source&Photo Credit:Zin Zin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။