ပရိသတ်ကြီးရေ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပီပြင်အောင် ပုံဖော်ရင်း အနုပညာလောကထဲကို ခြေစုံပစ်ဝင်လာခဲ့သူကတော့ သရုပ်ဆောင် မင်းသားချောနေမင်းပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ နေမင်းက ပါဝင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးသရုပ်ဆောင်နေပြီး ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်ကာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူပါနော်။ ဒါ့အပြင် ယောင်္ကျားပီသပြီး ချောမောခန့်ညားတဲ့ သူရဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း တခဲနက်ရရှိထားတာလည်းဖြစ်ပါတယ်......။

Photo credit - Nay Min's FB account
Photo credit - Nay Min's FB account

နေမင်းက အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့် ပရိသတ်တွေကတော့ အားပေးမှုတွေ ရပ်တန့်မသွားတာကိုလည်း တွေ့ရပါတယ်။ ယနေ့မှာတော့ ချစ်ရတဲ့ ပရိသတ်တွေက မင်းသားချောနေမင်းအတွက် ဇာတ်ပို့ဟာသ သရုပ်ဆောင် Kညီရဲ့ အထည်ဆိုင်ကနေ ခါးပတ်နဲ့ အင်္ကျီလက်ဆောင်ပေးလာတာပဲဖြစ်ပါတယ်......။

Photo credit - Nay Min's FB account
Photo credit - K Nyi's FB account

မင်းသားချော နေမင်းက ပရိသတ်တွေ ပေးတဲ့ လက်ဆောင်ပစ္စည်းရတဲ့ အတွက် အတိုင်းမသိဝမ်းသာနေတာဖြစ်ပြီး Kညီကလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ " ကျွန်တော့်ဆိုင်ကနေ ခါးပတ်နဲ့အကျီပရိသတ်တစ်ယောက်ဝယ်ယူအားပေးလို့ကျေးဇူးပါ မင်းသားနေမင်း ဆီလက်ဆောင်လေးပို့ပေးဖို့ အကူအညီတောင်းတာနဲ့ နေမင်း ဆီခွင့်တောင်းပြီးသွားပေးဖြစ်တယ် လက်ဆောင်လက်ခံပေးတဲ့အတွက် ညီလေးနေမင်း ကျေးဇူးအများကြီးတင်ပါတယ်နော် ဆိုင်နာမည် SNAZZY တော်ဝင်စင်တာ ပထမထပ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.......။ 

Photo credit - K Nyi's FB account
Photo credit - K Nyi's FB account

Source - K Nyi 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။