မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ONE Championshipရဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကတော့ အေးချမ်းတဲ့ မိသားစုဘဝလေးကို ချစ်ဇနီးသည်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေးဆန့်ဆိုင်းတို့ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ လေ့ကျင်မှုတွေကိုလည်း ပြုလုပ်လျက်ရှိနေသလို မိသားစုကိုလည်းအပြည့်အဝအချိန်ပေးလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ သားသမီးတွေနဲ့အတူ ပျော်ရွှင်နေပြီး ခန္ဓာကိုယ်ကြီးထွားမှု အရမ်းမြန်တဲ့သမီးလေးကို ကြည့်ပြီး ချစ်မဝနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " ချစ်သမီးလေးကသူ့အသက်အရွယ်နဲ့ဆိုရင်ကြီးထွားလာတာအရမ်းမြန်သလိုပါပဲ " ဆိုပြီး သားသားမီးမီးတွေနဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

source: Aung La Nsang(Burmese Python) 's facebook page

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။