တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ ကြားမှာ ရေပန်းစားနာမည်ကြီးခဲ့ပြီး ယနေ့ချိန်ထိလည်း အားလုံးရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ ခင်ပွန်း ၊ သမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ နန္ဒာဟာ ကလေးတွေရဲ့ လိုအပ်ချက်မှန်သမျှကို အနီးကပ်လုပ်ဆောင်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ရုံသာမကဘဲ စီးပွားရေးဘက်မှာလည်း အောင်မြင်မှုတွေ ရရှိထားတဲ့ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account

နန္ဒာတို့ မိသားစုလေးဟာ လက်ရှိမှာတော့ ဘားအံမြို့ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

မိသားစုပိုင်ဆိုင်တဲ့ ဟိုတယ်ကြီးမှာ ကလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ဝေမျှတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account

ဒါကတော့ ဖွားဖွားကိုပေးဖို့အတွက် ပန်းလေးတွေကိုယ်တိုင်ခူးနေတဲ့ နန္ဒာလှိုင်သမီးငယ်လေး မဒီရဲ့ Video လေးပဲ ဖြစ်ပါတယ်။

နန္ဒာရဲ့ သမီးသုံးယောက်ဟာလည်း ဟိုတယ်ဝန်းကြီးထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတာဟာလည်း မြင်ရသူတိုင်း ကြည်နူးပျော်ရွှင်စေမှာ အမှန်ပါပဲနော်။ ပရိသတ်တွေအတွက် နန္ဒာလှိုင်ရဲ့ Live Video လေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nandar Hlaing's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။