ပရိတ်သတ်ကြီးရေ.....ခန္ဓာကိုယ်ပြည့်ပြည့်တင်းတင်းလေးနဲ့ sexyဆန်တဲ့အလှမျိုးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောဆယ်လီအနုပညာရှင်များထဲတွင် ဘေဘီမောင်လည်း အပါအ၀င်ဖြစ်ပါတယ်နော်။ သူမဟာ sexy modelတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများလည်း ရိုက်ကူးအောင်မြင်လာခဲ့တာဖြစ်ပါတယ်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

ဘေဘီမောင်ဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူဖြစ်ပြီး မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ အဆိုတော်သားဂန်းနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာပါနော်။ သူမတို့စုံတွဲလေးဟာ romanticဆန်တဲ့ မနဲ့မောင်စုံတွဲလေးဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိစွာနဲ့ ရှေ့ဆက်နေကြတဲ့သူတွေဖြစ်ပါတယ်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

ဘေဘီမောင်ဟာ လတ်တလောတွင်online shoppingလုပ်ကာ မြန်မာ၀တ်စုံလှလှလေးတွေ၊ပိတ်စလှလှလေးတွေကို ရောင်းချနေတာဖြစ်ပါတယ်။ ဒါ့ပြင် အနုပညာအလုပ်တွေကိုလည်း မလစ်ဟင်းရအောင်ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပြီး အခုလက်ရှိမှာဆိုရင် ပြင်ဦးလွင်မှာလည်းဇာတ်ကားရိုက်ကူးနေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "စာရေးဆရာမလေး ရွှေရတီ ပြင်ဦးလွင်မှာToday shooting" ဆိုတဲ့ captionလေးနဲ့ ရိုက်ကွင်းအမှတ်တရပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

Source-Baby Maung's Facebook acc

Photo credit-Baby Maung's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။