ပရိသတ်ကြီးရေ ဆိုင်းလုကတော့ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ဆွဲဆောင်မှုရှိစွာလှနေသူလေး ဖြစ်ပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အမြဲပါဝင်တတ်တဲ့သူဖြစ်သလို သူများတွေနဲ့ မတူတဲ့အလှကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း ဖြောင့်စင်းတဲ့ နှာတံနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နှုတ်ခမ်းလှလှတွေကို ပိုင်ဆိုင်ထားတဲ့ ဆိုင်းလုက နိုင်ငံခြားဆန်တဲ့မျက်နှာမျိုးနဲ့ ထူးခြားစွာလှသူလေး ဖြစ်ပါတယ်။

Photo Credit : M Seng Lu Facebook Page
Photo Credit : M Seng Lu Facebook Page

သူမကတော့ ငယ်ရွယ်တက်ကြွပြီး နိုင်ငံခြားမင်းသမီးတွေလို မျက်နှာနဲ့ ဆွဲဆောင်မှုရှိသူလေး ဖြစ်ပါတယ်။ Showပွဲတွေမှာလည်းပါဝင်လျှောက်လှမ်းသလို အမိုက်စားပုံတွေကိုလည်း ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ အခုဆိုသူမက ကြော်ငြာ၊ ဗီဒိယိုဇာတ်ကားတွေလည်း ရိုက်ကူးသလို ဝါသနာပါတဲ့ အကလေးတွေကိုလည်း သင်ယူနေတာ ဖြစ်ပါတယ်။

Photo Credit : M Seng Lu Facebook Page
Photo Credit : M Seng Lu Facebook Page
Photo Credit : M Seng Lu Facebook Page

ဆိုင်းလုကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့ အမိုက်စား အလှပုံလေးတွေကို သူရဲ့ instagram အကောင့်မှာ အများဆုံးဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း မြူးကြွတဲ့ သံစဉ်တွေနဲ့ အကြမ်းစားကပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးထဲမှာ ဆိုင်းလုတစ်ယောက် အရမ်းမိုက်လွန်းနေတာကြောင့် ချစ်ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : M Seng Lu Facebook Page
Photo Credit : M Seng Lu Facebook Page

Source & Photo Credit : M Seng Lu Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။