ပရိသတ်အချစ်တော်အနုပညာရှင်လေးတွေ ဖြစ်ကြတဲ့ ယွန်းယွန်း၊ သဇင်ထူးမြင့်၊ သင်ဇာ၊ မှုံနံသာကျော်ရဲအောင်၊ လေပြေသွေးနဲ့ ပန်းနုပျိုမေတို့ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကိုယ်စီရရှိထားကြတာ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်သူလေးဖြစ်ပြီး သဇင်ထူးမြင့်၊ သင်ဇာ၊ မှုံနံသာကျော်ရဲအောင်၊ လေပြေသွေးနဲ့ ပန်းနုပျိုမေတို့ကတော့ အနုပညာရှင်တွေရဲ့မျိုးဆက်သစ်လေးတွေ ဖြစ်ကြပါတယ်။

Photo Credit-PHONN Photography
Photo Credit-PHONN Photography
Photo Credit-Thazin Htoo Myint's FB Acc

ငယ်ငယ်ကတည်းကသိခဲ့ကြတဲ့ ယွန်းယွန်းတို့သူငယ်ချင်းတစ်စုက အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညီအစ်မတွေလိုချစ်ခင်ပြီး အရမ်းကိုခင်မင်ရင်းနှီးနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ယွန်းယွန်းတို့အဖွဲ့က မကြာခဏဆိုသလို အတူဆုံပြီး မုန့်ထွက်စားလေ့ရှိကြသလို Photo Shooting တွေလည်း အတူရိုက်ကူးလေ့ရှိကြတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းယွန်းတို့သူငယ်ချင်းတစ်စုက လူစုံတုန်းမှာ အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Lay Pyay Thway's FB Acc
Photo Credit-PHONN Photography
Photo Credit-PHONN Photography

တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်း၊ သဇင်ထူးမြင့်၊ သင်ဇာ၊ မှုံနံသာကျော်ရဲအောင်၊ လေပြေသွေးနဲ့ ပန်းနုပျိုမေတို့ သူငယ်ချင်းတစ်စုကတော့ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်ကြီးလူကြိုက်များနေတဲ့ သီချင်းလေးတွေနဲ့ အမိုက်စားကပြထားတဲ့ ယွန်းယွန်းတိုအဖွဲ့ကတော့ တကယ့်ကိုပျော်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းယွန်းတို့သူငယ်ချင်းတစ်စုရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Thazin Htoo Myint's Tik Tok Acc  

Photo Credit-Thazin Htoo Myint's Tik Tok Acc
@thel_tz

The Boat Beat - Ricky Desktop
@thel_tz

Laxed (Siren Beat) - Jawsh 685
@thel_tz

Coño (feat. Jhorrmountain x Adje) - Puri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။