ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် နေရာတစ်ခုကို ရပ်တည်လာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဖြူဖြူထွေး က ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ကာ လတ်ရှိမှာတော့ အောင်မြင်မှုတွေနဲ့ အတူ ပရိသတ်တွေ ချစ်ခင်နေရတဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး ဖြူဖြူထွေးက ကြော်ငြာတွေများစွာ ရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဝါရင့် သရုပ်ဆောင်ကြီးတွေနဲ့ ပါဝင်သရုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။

Photo Credit - Phyu Phyu Htwe
Photo Credit - Phyu Phyu Htwe

ဖြူဖြူထွေး ဟာ အသက်ငယ်ရွယ်ပေးမယ့် စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီပေးသလို အလှူအတန်းတွေမှာလည်း ပါဝင်လှူဒါန်းပေးတဲ့ လေးစားစရာ အနုပညာရှင်လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်တွေထပ် မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်တက်တာကိုတွေ့ ရပါတယ်။ ယခုတစ်ခါမှာတော့ မင်းသမီး ဖြူဖြူထွေးလေးက ပရိသတ်တွေအတွက် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။

Photo Credit - Phyu Phyu Htwe
Photo Credit - Phyu Phyu Htwe

ဒီပုံလေးတွေထဲမှာတော့ အချစ်တော်လေး ဖြူဖြူထွေးလေးက လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဆန်ဆန်ဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိရှိ သီချင်းနားထောင်နေတဲ့ အိုက်တင်လေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင်ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အချစ်တော်လေး ဖြူဖြူထွေးက " သီချင်းနားထောင်မလား " ဆိုတဲ့ caption လေးတွေနဲ့လည်း ချစ်စရာကောင်းအောင်လည်းရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ တစ်နေ့တခြား ဟန်ဆောင်မှုကင်းကင်း ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလာနေတဲ့ ဖြူဖြူထွေး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Phyu Phyu Htwe

Source -Phyu Phyu Htwe 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။