ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ခေတ်တစ်ခါမှာ အရမ်းလှပတဲ့သူလို့နာမည်ကြီးခဲ့တဲ့ ခင်သန်းနုကတော့ ပရိသတ်အများအပြားရဲ့အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ခင်သန်းနုက ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့သရုပ်ဆောင်အရည်အသွေးရယ်၊အလှအပတွေရယ်ကြောင့် အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

အခုချိန်မှာဆိုရင်တော့ ခင်သန်းနုက အသက်(၇၅)နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အလှအပတွေကတော့ ငယ်ငယ်တုန်းကအတိုင်း နုပျိုလှပနေဆဲဖြစ်ပါတယ်။ခင်သန်းနုရဲ့ အရွယ်တင်မှုကတော့ အံ့မခန်းပဲဖြစ်လို့ ပရိသတ်တွေကလည်း သူမရဲ့အလှအပတွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာသွားပြီဖြစ်ပေမယ့် ခင်သန်းနုကို ပရိသတ်တွေကအားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်နော်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

မကြာသေးခင်ရက်ပိုင်းတုန်းက ရုပ်ရှင်နှစ်(၁၀၀)ပြည့်အခမ်းအနားအတွက်သွားရောက်ခဲ့ပြီး အနုပညာမောင်နှမတွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံကာ စကားတွေပြောဖြစ်ခဲ့ပါတယ်နော်။ခင်သန်းနုရဲ့ အရွယ်တင်နုပျိုလှပမှုကို နာမည်ကျော်ဒီဇိုင်နာမျိုးမင်းစိုးက ဝတ်စုံလေးနဲ့ထပ်မံပံ့ပိုးပေးထားလို့ ခင်သန်းနုကတော့ ကျက်သရေအဖြာဖြာနဲ့ပြည့်စုံပြီး ဂန္တဝင်ဆန်တဲ့အလှတရားတွေနဲ့ လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

Source&Photo Credit:Myo Min Soe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။