ဆမ်ဆောင်းရဲ့ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ Note 7 ကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း ဆက်ဆော့တဲ့သူအချို့ က Note 7 ကို အားသွင်းရင် ဘယ်အချိန်ကျမှ ပေါက်ကွဲမလဲဆိုတာကို ဖေ့ဘွတ်မှာ live လွှင့်ခဲ့ပါတယ်။

ထို ရုပ်သံလိုင်း က အမေရိကန်ဆိုက် ရုပ်သံဖြစ်ပြီး ထို ကဲ့သို့ live လွှင့်ရာမှ လူအများအာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ထို ကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယို ဖိုင်ကို ၅.၁ သန်းကျော် ကြည့်ရှုခဲ့ပြီး ကြည့်ရှုနှုန်းဟာလဲမြင့်တက်ဆဲပင်ဖြစ်သည်။

ဆမ်ဆောင်းဖုန်း Note 7 ကို အန္တရာယ်ကင်းတဲ့နေရာမှာ အားသွင်းက ဘယ်အချိန်ပေါက်ကွဲမလဲဆိုတာ လူအများစောင့်ကြည့်ခဲ့ရာ အချိန် ၄နာရီကြာမြင့်ခဲ့သော်လည်း ဖုန်းက မပေါက်ကွဲ ဘဲ အကောင်းတိုင်းဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။

ထိုပေ့ချ်က နောက်တစ်ကြိမ်ဆက်လက် ကြိုးစားသွားမည် လို့ဆိုခဲ့ပါတယ်။ ထို ဗီဒီယို ရဲ့ အောက်တွင်လဲ ဆမ်ဆောင်း Note 7 ကို ပြန်မအပ်ဘဲ ဆက်လက်ကိုင်နေတဲ့သူတွေကလဲ သူတို့ အခုအချိန်ထိ သုံးနေဆဲဘဲဖြစ်ကြောင်းလဲ ဝိုင်းဝန်းပြောကြားခဲ့ပါတယ်။

တကယ်တော့ လူတွေရဲ့ သိချင်စိတ်ကို အသုံးချခဲ့တာဖြစ်ပါတယ်။ အားသွင်းနေတဲ့ ဖုန်းကို လေးနာရီတိုင်တိုင် စောင့်ကြည့်နိုင်တဲ့ သူတွေကိုတော့ တော်တော်ချီးကျူးရမယ်နော်။

ကယ် နောက်နေ့ လွှင့်မယ့်ရုပ်သံကို စောင့်ကြည့်ကြည့်ရအောင်

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။