ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော ပြေတီဦးကတော့ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောထားပြည့်ဝကောင်းမွန်လို့ အားလုံးက ချစ်ခင်ရသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်မှုတွေကြောင့် ပရိသတ်အခိုင်အမာနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်သလို လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Pyay Ti Oo's Fb Acc
Photo Credit - Pyay Ti Oo's Fb Acc

ဦးတီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြေတီဦးကတော့ အခုတစ်ခါမှာလည်း ခါးခွဲစိတ်မှု ခံယူနေရတဲ့ ဒါရိုက်တာမောင်ပြည့်ဝ(ပန်းဝေသီ) အတွက် လ်ုအပ်တဲ့ ငွေကြေးအချို့ကို လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

နှင်းဆီကုန်းဆေးရုံမှာ ခါးခွဲစိတ်မှုခံယူနေရတဲ့ ဒါရိုက်တာမောင်ပြည့်ဝ(ပန်းဝေသီ) အတွက် လိုအပ်တဲ့ ငွေ(၇)သိန်းကို ဇာတ်ပို့သရုပ်ဆောင်အေးသီတာဆီ ပေးအပ်ကူညီခဲ့တာ ဖြစ်ပါတယ်နော်..။

Photo Credit - Aye Thida's Fb Acc
Photo Credit - Pyayewa Panwaithi's Fb Acc

"ကိုပြည့်၀ ခွဲစိတ်မှုအတွက်

၁၆ သိန်းကျော်ကျတာမှာ

လိုအပ်တဲ့ ငွေ ၇သိန်းကို တီတီ ( ပြေတီဦး ) မှ ကျမဆီ

လွှဲပေးလိုက်သည့်အတွက်

ညတွင်းချင်း ဆေးရုံကို သွားပေးခဲ့ပါသည် ။

ကျေးဇူးပါ တီတီရေ ........" ဆိုပြီး အေးသီတာက ပြောပြထားတာ ဖြစ်ပါတယ်နော်..။

"ဆေးရုံတက်ရင်ပြောနော်လို့

ပြောထားပေမယ့်....

မပြောဘဲ သိသိချင်း

စေတနာတွေနဲ့ရောက်လာတဲ့

သားတော်မောင်ပြေကြီးတို့မိသားစု အထူးကျေးဇူးတင်စကားနဲ့အတူ ထပ်တူ

အကျိုးဒီဘဝပြန်ရရပါ

စေကြောင်းဆုတောင်း

ညီမကြီးနဲ့ ညီမကြီးရဲ့

ကျားကျားတို့သည်လည်း......." ဆိုပြီး ဒါရိုက်တာမောင်ပြည့်ဝ(ပန်းစေသီ)ကလည်း သူ့ရဲ့ fb စာမျက်နှာကနေ ကျေးဇူးတင်စကားလေး ဆိုထားပါတယ်နော်..။

Photo Credit - Aye Thida's Fb Acc

Source & Photo Credit - Aye Thida's Fb Acc & Pyayewa Panwaithi's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။