ပရိသတ်ကြီးရေ မင်းသား ကျော်ကျော် ကတော့ ဗီဒီယိုခေတ်ကာလထဲက အနုပညာလောကမှာ စတင်လျှောက်လှမ်းပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ကျော်ကျော် ရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း အချစ် ၊ အလွမ်း ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် သဘာဝကျကျ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အနပညာနယ်ပယ်မှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ကျော်ဟာ အမြဲပျော်ပျော်ရွှင်ရွှင်နေတက်ပြီး စိတ်သဘောထားလေးတွေလည်း ပြည့်ဝလွန်းတာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်နေရတာဖြစ်ပါတယ်။

Photo & Video Credit - Kyaw Naing Oo
Photo & Video Credit - Kyaw Naing Oo

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ခဏတာရပ်နားထားခဲ့ပြီး ချစ်ရတဲ့ မိသားစုလေးနဲ့ အတူ အနားယူနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို ဝါသနာကြီးလွန်းတဲ့ ကျော်ကျော် ကတော့ မကြခဏဆိုသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့အတွက် ဟာသ ဗီဒီယိုလေးကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ကျော်ကျော်ဟာ အပျင်းပြေဆော့ထားတဲ့ ရယ်စရာ ဟာသ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါနော်..။

Photo & Video Credit - Kyaw Naing Oo
Photo & Video Credit - Kyaw Naing Oo

ဒီဗီဒီယိုလေးထဲမှာတော့ ကျော်ကျော်က သူတောင်စား ပုံစံလေးနဲ့ ကြည်မိသူတိုင်း ရယ်မောပျော်ရွှင်သွားအောင် ကိုယ်တိုင်ဖန်တီးထားတဲ့ ဟာသ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ကျော်ကျော် က " Lockdown ကာလအပြီးတွင် ဖြစ်နေမည့်...အနုပညာသမားတစ်ယောက်ရဲ့ အခြေအနေ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ လတ်တလောကာလလေးမှာ အနုပညာရှင်တစ်ယောက်ရဲ့ အခြေနေလေးကို ဟာသအနေနဲ့ ရိုက်ကူးထားတဲ့ ကျော်ကျော် ရဲ့ အခွီး ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Kyaw Naing Oo

Source -Kyaw Naing Oo's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။