ပရိတ်သတ်ကြီးရေ အရွယ်တင်နုပျိုလှပနေတဲ့ အကယ်ဒမီမင်းသမီး‌ချောခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကိုသိကြတယ်မလား။ သူမဟာ ရုပ်ရည်နဲ့ပက်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရသော်လည်း တည်ငြိမ်အေးချမ်းစွာနဲ့ပဲ နေထိုင်လေ့ရှိသူတစ်ယောက်ပါ။ ဒါ့ပြင် ထိပ်ထိပ်လေးဟာ စိတ်သဘောထားနူးညံ့သူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတဲ့သူလေးဖြစ်ပါတယ်နော်။

Photo credit-San Htate Htar Oo's Facebook acc
Photo credit-San Htate Htar Oo's Facebook acc

စံထိပ်ထားဦးဟာအရွယ်ရောက်လာတာနဲ့အမျှ တစ်နေ့တခြားပိုပိုချစ်ဖို့ကောင်းလာတဲ့သူလေးဖြစ်ပြီး ဖေဖေမေမေတို့ရဲ့ အသည်းကျော်လေးပါနော်။ ဒါ့ပြင်ထိပ်ထိပ်လေးဟာ ပညာရေးမှာထူးချွန်တဲ့သူလေးလည်းဖြစ်တဲ့အပြင် ဂစ်တာတီးတာ၊သီချင်းဆိုတာမှာပါ ထူးချွန်တဲ့သူလေးလည်းဖြစ်ပါတယ်။

Photo credit-San Htate Htar Oo's Facebook acc
Photo credit-San Htate Htar Oo's Facebook acc

ထိပ်ထိပ်လေးဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်တဲ့အပြင် tik tokဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးပြီးတင်ပေးတတ်သူလေးဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "Got me caught up in the vibe" ဆိုတဲ့captionလေးနဲ့ ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ...ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-San Htate Htar Oo's Facebook acc
Photo credit-San Htate Htar Oo's Facebook acc

Source-San Htate Htar Oo's Facebook acc

Photo credit-San Htate Htar Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။