သရုပ်ဆောင်ဘက်သာမက အဆိုပညာမှာလည်း ထူးချွန်သူကတော့ အဆိုတော်မလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ သီချင်းအေးအေးလေးတွေသာမဟုတ်ဘဲ ခပ်မြူးမြူးသီချင်းလေးတွေကိုပါ သီဆိုတတ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။ ဒီးဒီဟာ မကြာသေးခင်ကလည်း " ပျော်ပါစေ " ဆိုတဲ့ သီချင်းဟောင်းလေးကို Unplugged Version နဲ့ ပြန်လည်ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Sandi Myint Lwin’s Facebook Account
Photo Crd- Sandi Myint Lwin’s Facebook Account
Photo Crd- Sandi Myint Lwin’s Facebook Account

ဒီးဒီဟာ ချစ်ရတဲ့ ခင်ပွန်း ၊ သမီးလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သမီးလေးဟာလည်း ပရိသတ်တွေအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက် ရရှိထားတာပဲ ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ အနားမှာ အရိပ်တစ်ခုလို ချစ်ခင်ဂရုစိုက်မှုတွေကြောင့်လည်း ဒီးဒီတစ်ယောက် ကြည်နူးပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်။

Photo Crd- Sandi Myint Lwin’s Facebook Account
Photo Crd- Sandi Myint Lwin’s Facebook Account
Photo Crd- Sandi Myint Lwin’s Facebook and Tik Tok Account

အခုမှာလည်း ဒီးဒီရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ချစ်ဇနီးလေးရဲ့ပါးကိုခပ်ဖွဖွလေးနမ်းကာဘယ်လောက်အလေးထားကြောင်းသက်သေပြလိုက်တဲ့စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုပြီး အားကျသွားအောင် ဒီးဒီတို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Sandi Myint Lwin’s Facebook and Tik Tok Account 

@sandymyintlwin

##sandymyintlwin

♬ original sound - anneliesebayerr

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။