ပရိသတ်ကြီးရေ လတ်တလောမှာ ဦးနှောက်ခွဲစိတ်ကုသမှုကိုခံယူထားတဲ့ လူရွှင်တော်ကြီးဦးမန်းဝင်းဟာဆိုရင် ခွဲစိတ်ပြီးနောက်ပိုင်းမှာ (၁၅)ရက်တိတိ သတိမေ့နေခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်နော်။အနုပညာမိတ်ဆွေအချို့ကလည်း ဦးမန်းဝင်းရဲ့အိမ်ကိုသွားရောက်ပြီး သတင်းသွားမေးခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဦးမန်းဝင်းက သူသတိမေ့နေတဲ့ (၁၅)ရက်အတွင်း ဘယ်နေရာတွေသွားခဲ့လဲ ဆိုတာကို အောက်ပါအတိုင်းပြောပြထားတာဖြစ်ပါတယ်နော်။

Photo Credit:Man Win -Joker's FB Page
Photo Credit:Man Win -Joker's FB Page
Photo Credit:Man Win -Joker's FB Page

"အဖေ ဦးမန်းဝင်း သတိမေ့နေတဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။

" ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ "

" ပြောမယ် "

" ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ "

" ရွာရောက်နေတာ "( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )

" အဖေ့ကို ဘယ်သူခေါ်သွားတာလဲ "

" ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ "

" ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ "

" အမေနဲ့ " ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ )

Photo Credit:Man Win -Joker's FB Page
Photo Credit:Man Win -Joker's FB Page

" အဖွားက ဘယ်မှာနေလဲအဖေ "

" သူ့အိမ်လေးမှာနေတယ် "

" အဖွားက စကားပြောလား "

" မပြောဘူး "

" အဖေ့ကိုရော မြင်လား "

" မြင်တယ် မပြောတာ "

" အဖွားက ရွာမှာဘာလုပ်နေတာလဲ "

" ဥပုသ်စောင့်နေတယ် "

" တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား "

" မတွေ့ပါဘူး "

" တောကုလားကြီးရော တွေ့လား "( အဖေ့အစ်ကိုကြီးပါ )

" မတွေ့မိဘူး "

" အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ "

" အဖေ့ဘာသာ ပြန်လာတာ "လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ်အဖေဦးမန်းဝင်းကို ချစ်ကြသူအားလုံး အယောက်စီတိုင်း ကျန်းမာကြပါစေ။"ဆိုပြီး ဦးမန်းဝင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Man Win -Joker's FB Page
Photo Credit:Man Win -Joker's FB Page
Photo Credit:Man Win -Joker's FB Acc

Source&Photo Credit:Man Win -Joker's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။