ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ကတော့ ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေရတဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ သရုပ်ဆောင်အပြင် ကဗျာရေး ၊ ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ အောင်မြင်သူဖြစ်လို့ အများက အားကျနေရသူပါနော်။ ဒါ့အပြင် ကိုပေါက်က သာယာပျော်ရွှင်ပြီး ကြည်နှုးစရာကောင်းတဲ့ မိသားစုလေးကိုလည်း တည်ဆောက်ထားသူလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ကိုပေါက်က ပရိသတ်တွေအတွက် မိသားစုရေးရာနဲ့ပတ်သတ်ပြီး ဘဝအတွေ့အကြုံလေးတွေကို ယှဉ်ကာပြောပြပေးလာတာပဲဖြစ်ပါတယ်........။

Photo credit - aroma
Photo credit - aroma
Photo credit - aroma

" ကျွန်တော်တို့မိသားစုကို ချစ်ပေးကြတဲ့ တစ်ယောက်ခြင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။အားလုံးကိုလည်းချစ်ခင်လေးစားလျှက်ပါ။ကျွန်တော့ facebook ကိုသူများဝင်ကြည့်ရင် စိတ်ကြည်နူးစရာ ပျော်ရွှင်စရာနဲ့ချစ်စရာပုံလေးတွေတင်တာများပါတယ်။ စာရေးရင်လည်းစိတ်ဓာတ်ခွန်အားရစရာ စာတိုစာစုများကိုသာရေး တင်လေ့ရှိပါတယ်။လူလောကရဲ့ ဒုက္ခအပူတွေကြားမှာလူတွေအားလုံး ကိုယ့်စာတစ်ကြောင်းကြောင့် စိတ်ကသိကအောက်မဖြစ်စေချင်ပါဘူး။ကျွန်တော်တို့မိသားစုကလည်း လူထဲကလူေ တွဖြစ်တာကြောင့် စိတ်ဆင်းရဲစရာတွေ။ အပူတွေ သောကတွေ အဆင်မပြေတာတွေ လည်းရှိပါတယ်။ ကျွန်တော်တို့မိသားစုရဲ့ပျော်စရာ ရွှင်စရာ ဓာတ်ပုံလေးတွေကြည့်ပြီး အားကျလိုက်တာဆိုတဲ့ comment လေးတွေဖတ်ရတယ်။ကျေးဇူးတင်ပါတယ်။ 

Photo credit - aroma
Photo credit - aroma
Photo credit - aroma
Photo credit - aroma
Photo credit - aroma

ကျွန်တော်တို့လင်မယား ၂ ယောက်မှာ အပြစ်မရှိပဲ ခြောက်ပစ်ကင်းနေတာမျိုးလည်းမဟုတ်ပါဘူး။ကျွန်တော်တို့လည်း သူများလင်မယားတွေလိုပဲ ရန်ဖြစ်ပါတယ်။ စိတ်သဘောထားချင်းမတိုက်ဆိုင်ရင် သူအော် ကိုယ်အော် အော်ကြပါတယ်။ ကျွန်တော့မှာလည်းအားနည်းချက်တွေရှိသလို သူ့မှာလည်းအားနည်းချက်တွေရှိပါတယ်။ကျွန်တော်တို့လင်မယား ဘယ်လောက်ပဲ အော်ကြဟစ်ကြ ရန်ဖြစ်ကြလည်း ၁ နာရီမကြာပါဘူး။ သည်းရေ အိုပါးရေ ဖြစ်သွားပါတယ်။ အဓိက ကတော့ပြသနာတိုင်းကို ရင်ထဲမှာ သိမ်းမထားတတ်တာပဲ။ သူ့အားနည်းချက်ကိုထောက်ပြမယ်။ ကိုယ့်အားနည်းချက်ကို သူထောက်ပြမယ်။ သူပြောတာမှန်နေရင် ကိုယ်ငြိမ်ပေးလိုက်တယ်။ကိုယ်ပြောတာမှန်ရင်လည်း သူငြိမ်သွားတယ်။အဲ့ဒီလိုလေးဖြတ်သန်းပါတယ်ဗျ။ သူ့အမျိုးအသိုင်းအဝိုင်း ကိုယ့်အမျိုး အသိုင်းအဝိုင်း သင့်တင့်မျှတအောင်နေတယ်ဆိုပေမယ့်လည်း နင့်အဖေ အမေ နင့်အစ်မကဘာဖြစ်တာ ဆိုတာတွေလည်း သူ့ဖက့်ကိုယ့်ဖက် အနိုင်ရအောင်လည်း စကားနာထိုး ရန်ဖြစ်တာတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်အမျိုးကိုမုန်းတယ် ဆိုတာမျိုးတွေ ၂ ယောက်လုံးမှာမရှိပါဘူး။ ကျွန်တော်တို့မိသားစုက သူများမိသားစုလိုပါပဲလို့။ရန်ဖြစ်ပါတယ်။ ပြီးတော့ပြန်ချစ်ကြတယ်။ စိတ်ဓာတ်ခွန်အားလေးပေးချင်တာကတော့ အဆင်မပြေတာ ကိုယ့်မိသားစုတစ်ခုတည်း၊ကိုယ်တစ်ယောက်တည်းလားလို့ မထင်ပါနဲ့ အားလုံးအမြင်မှာ ပြုံးနေကြပြီး နောက်ကွယ်မှာ ရုန်းကန်ရင်းတိုက်ပွဲဝင်နေကြတဲ့မိသားစုတွေချည်းပါပဲ။ အကောင်းဆုံးလုပ်ရမယ့် အချက်က ကိုယ့်ကိုမှားနေတယ်လို့ထောက်ပြရင် ပြင်လိုက်ပါ မိသားစုများအားလုံး အဆင်ပြေအောင်မြင်ကြပါစေ " ဆိုပြီး ရေးသားထားတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။

Photo credit - aroma
Photo credit - aroma
Photo credit - aroma
Photo credit - aroma
Photo credit - aroma

Source - Aung Min Naing's FB account

Photo credit - aroma 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။