သရုပ်ဆောင် မင်းသားချော စိုးရန်အောင်ကတော့ ဇာတ်ကားတွေရိုက်ကူးခဲ့ပြီး ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ စိုးရန်အောင်က မင်းသမီးချောလေး သက်သခင်နဲ့ နှစ်အတော်ကြာအောင် ချစ်ကြိုက်ခဲ့ပြီးနောက်ပိုင်းမှာ ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ စိုးရန်အောင်နဲ့ သက်သခင်တို့စုံတွဲလေးကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်းနှစ်နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ် ။

Photo Credit-Thet ThaKhin's FB Acc & Ktaw Swar Myint
Photo Credit-Thet ThaKhin's FB Acc & Ktaw Swar Myint
Photo Credit-Soe Yan Aung's FB Acc & Wai Yan Myo Aung

မကြာသေးခင်ကမှ စိုးရန်အောင်က သူ့ရဲ့ချစ်ဇနီးလေး သက်သခင်မှာ ရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ မိခင်လောင်းလေးဖြစ်တဲ့ သက်သခင်ကတော့ ကိုယ်ဝန်သုံးလရှိနေပြီလည်း ဖြစ်ပါတယ် ။ ပထမဆုံးရင်သွေးလေးဖြစ်တဲ့အတွက် စိုးရန်အောင်နဲ့ သက်သခင်တို့ဇနီးမောင်နှံက အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Soe Yan Aung's FB Acc & Wai Yan Myo Aung
Photo Credit-Thet Thakhin's FB Acc
Photo Credit-Thet Thakhin's FB Acc

အခုလည်း ကိုယ်ဝန်စစ်ဆေးချက်အဖြေအရ သက်သခင်က သားဦးလေးကိုကိုယ်ဝန်လွယ်ထားရတာဖြစ်ကြောင်းသိခဲ့ရပြီပဲ ဖြစ်ပါတယ် ။ ဒါကြောင့် စိုးရန်အောင်က ကိုယ်ဝန်သည်ချစ်ဇနီးချောလေးအတွက် ကိတ်လှလှလေးပြင်ဆင်ပြီး မိသားစုနဲ့အတူ Surprise လုပ်ပေးခဲ့တာ ဖြစ်ပါတယ် ။ အားလုံးလိုချင်နေတဲ့ သားလေးကိုမွေးခွင့်ရတော့မှာဖြစ်လို့ ပျော်ရွှင်နေတဲ့ သက်သခင်နဲ့ စိုးရန်အောင်တို့ရဲ့အပျော်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thet Thakhin's FB Acc

Photo Credit-Thet Thakhin's FB Acc
Photo Credit-Thet Thakhin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။