ပရိသတ်ကြီးရေ မင်းသမီးချောလေး နေခြည်ဦးကတော့ beauty blogger တစ်ယောက်အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး (၃)နှစ်အကြာမှာတော့ အောင်မြင်မှုတွေကိုလည်းပိုင်ဆိုင်ထားပြီဖြစ်ကာ မင်းသမီးလေးတစ်လက်လည်းဖြစ်လာပါပြီနော်။နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပြီး တက်သစ်စမင်းသမီးလေးတစ်လက်လို့ ထင်ရက်စရာမရှိလောက်အောင် သူမရဲ့သရုပ်ဆောင်ချက်တွေက ပီပြင်ပိုင်နိုင်ပါတယ်နော်။

Photo Credit:Beautybynaychi's Facebook Page
Photo Credit:Beautybynaychi's Facebook Page
Photo Credit:Beautybynaychi's Facebook Page

နေခြည်ဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ဆက်တိုက်ဆိုသလို ရှိနေပြီး သူမကြော်ငြာလိုက်တဲ့ပစ္စည်းမှန်သမျှကိုလည်း ပရိသတ်တွေကသုံးစွဲကြတဲ့အထိ သူမကိုအရမ်းချစ်တာဖြစ်ပါတယ်။နေခြည်ဦးက သွက်လက်ပွင့်လင်းတဲ့ဟန်ပန်အပြည့်ရှိပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ကလည်း ပေါများပါတယ်နော်။နေခြည့်ရဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည့်မှုအပြည့်ရှိတာလေးတွေကလည်း မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။  

Photo Credit:Beautybynaychi's Facebook Page
Photo Credit:Beautybynaychi's Facebook Page
Photo Credit:Beautybynaychi's Facebook Page

နေခြည်ဦးက မင်းသမီးတစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ အလှအပရေးရာကို ခေါင်းအစခြေအဆုံးဂရုစိုက်လာတာဖြစ်ပါတယ်။ခန္ဓာကိုယ်လေးသွယ်လျလှပလာအောင်လို့လည်း လေ့ကျင့်ခန်းကို မနက်ခင်းတိုင်းပုံမှန်လုပ်ဆောင်ပြီး ကျန်းမာရေးလိုက်စားတာပါနော်။အခုဆိုရင်လည်း နေခြည်ကတော့ သာယာလှပတဲ့မနက်ခင်းလေးမှာ ယောဂလေ့ကျင့်ခန်းကို ပျော့ပျော့ပျောင်းပျောင်းနဲ့လုပ်ဆောင်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Beautybynaychi's Facebook Page
Photo Credit:Beautybynaychi's Facebook Page
Photo Credit:Beautybynaychi's Facebook Page

Source&Photo Credit:Beautybynaychi's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။