ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်သဇင်ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကြောင့် နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်ဖြစ်ပါတယ်။ လတ်ရှိမှာတော့ မင်းသမီးချောလေး ခင်သဇင်က ကြော်ငြာတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကိုတွေ့ရပါတယ်။ ခင်သဇင် ဝါသနာပါရာ အနုပညာလမ်းခရီးကို ယုံကြည်မှုရှိရှိလျှောက်လှမ်းနိုင်ဖို့ အတွက် လေယာဉ်မယ်ဘဝကို စွန့်လွတ်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ခင်သဇင် ဟာ အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကိုလည်း ပါဝင်လုပ်ကိုင်ပေးတာကို တွေ့ရပါတယ်။ မင်းသမီးချောလေး ခင်သဇင်ကတော့ မကြာသေးမှီ ရက်ပိုင်းလောက်က နယ်မြို့လေးတစ်မြို့ကို အလည်အပတ်သွားရောက်ခဲ့တာဖြစ်ပြီး အပြန်ခရီးမှာဆိုရင် အမှတ်မထင်ပဲ မန္တလေး ရန်ကုန် အမြန်လမ်းမှာ ကားဘီးပေါက်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ အမြန်လမ်းနယ်မြေမီးသတ်စခန်းက တာဝန်ရှိသူတွေရဲ့ ကူညီပေးခဲ့တဲ့ အဖြစ်အဖျက်လေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေအတွက် ရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး ခင်သဇင် က " မန္တလေး ရန်ကုန် အ မြန်လမ်းမှာ ကားဘီးပေါက်ပါတယ်... ကံကောင်းချင်တော့ မီးသတ်ရှေ့တည့်တည့်မှာ ပေါက်တာပါ ...အဲဒါနဲ့ မီးသတ်ထဲ ဝင်ပြီး အကူညီတောင်းတာ ပုံပါ မြင်တွေ့တိုင်း မီးသတ်က တာဝန်ရှိသူများ အားလုံး နီးပါး ထွက်လာပြီး ကိုယ်တိုင် ကားဘီး ကို လုပ်ပေးကြပါတယ်...ယခုလို ကူညီစိတ် အပြည့်ရှိတဲ့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ဝင်များ အားလုံးကို လေးစားစိတ်ဖြစ်မိပါတယ်...မြန်မာနိုင်ငံသား တစ်ဦး အနေနဲ့လည်း ဂုဏ်ယူမိပါတယ်..ဘီး အပိုနဲ့ ဖြည်းဖြည်း မောင်းသွားဖို့ သေချာ မှာရင်း သူတို့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ရုံး ရဲ့ ဖုန်းနံပါတ်ကိုပါ လည်း မမေးပဲနဲ့ကို သေချာပြောပြပေးပါတယ်...အ မြန်လမ်း မီးသတ်တပ်ဖွဲ့ကို အထူးပဲ လေးစားချီးကျူး ဂုဏ်ပြုပါတယ်ရှင် " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

Photo Credit - Khin Thazin

Source - Khin Thazin's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။