မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ Beauty Blogger မှ တစ်ဆင့် အနုပညာလောကကို ကူးပြောင်းလာသူ တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေများစွာ အချိန်တိုအတွင်း ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချီချီရဲ့ သွက်လက်ထက်မြက်တဲ့ ပုံစံလေးတွေကြောင့်လည်း လူကြီး ၊ လူငယ်ပါမကျန် အားပေးနေကြတာလည်း ဖြစ်ပါတယ်။  

Photo Crd - Nay Chi Oo's IG Account
Photo Crd - Nay Chi Oo's IG Account
Photo Crd - Nay Chi Oo's IG Account

ချီချီဟာ ပရိသတ်တွေကို သူမလုပ်တဲ့ အရာတိုင်း ပွင့်ပွင့်လင်းလင်းပြောပြလေ့ ရှိတာကြောင့် မိန်းကလေးတိုင်းက ချီချီမှ ချီချီ ဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ချီချီတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲနေကာ လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ဖြစ်နေတာကြောင့်လည်း သူမရဲ့ ကိုယ်လုံးလေးဟာ တစ်နေ့ထက် တစ်နေ့ ပိုပိုလှလာနေတာလည်း ဖြစ်ပါတယ်။ အိမ်မှာနေရင်း သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလို ဝေမျှပေးတတ် သူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Nay Chi Oo's IG Account
Photo Crd - Nay Chi Oo's IG Account
Photo Crd - Nay Chi Oo's IG Account

အခုမှာလည်း သူမရဲ့ Instagram လူမှုကွန်ယက်စာမျက်နှာ ဓာတ်ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပရိသတ်တွေမမြင်ဖူးသေးတဲ့ အကြီးစားခွဲစိတ်မှုတွေမပြုလုပ်ခင်က ပုံရိပ်တစ်ချို့ကို ပြန်လည် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ချီချီဟာ သရုပ်ဆောင် မလုပ်ခင်ကတည်းက ပရိသတ်တွေအားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ အမြဲပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ ချီချီရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Chi Oo's IG Account 

Photo Crd - Nay Chi Oo's IG Account
Photo Crd - Nay Chi Oo's IG Account
Photo Crd - Nay Chi Oo's IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။