တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချောလေး တိုင်ရွန်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ စတိုင်စ်အမိုက်စားနဲ့ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်တာကိုလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Photo Credit : Nyi Nyi Naing
Photo Credit : Nyi Nyi Naing

လတ်တလောမှာတော့ တိုင်ရွန်က ခရီးတွေ ဆက်တိုက်ထွက်နေတာလည်း ဖြစ်ပါတယ် ။တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာတဲ့ တိုင်ရွန်က ရိုက်ကူးရေးတွေနဲ့ အမြဲလိုလို မအားမလပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ မကြာခင်ကမှတိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီဖြစ်သလို တိုင်ရွန်အနေနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိနေပြီ ဖြစ်ပါတယ်။

Photo Credit : Nyi Nyi Naing
Photo Credit : Nyi Nyi Naing

တိုင်ရွန်ရဲ့ချစ်ပရိသတ်တွေကတော့ သူရဲ့လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ခရီးသွား အမှတ်တရ ပုံလေးတွေနဲ့အတူ "အသက်ငယ်တုန်းလေး ဝါသနာပါတာတွေ အကုန်သင်ယူရမယ် လေ့လာရမယ် ခရီးတွေထွက်ရမယ် မနက်ဖြန်ဆိုတာ မသေချာလို့ အသက်ရှင်တုန်း လုပ်ချင်တာအကုန်လုပ်ရမယ်" ဆိုတဲ့ စာသားလေးကို ဖော်ပြထားတာတွေ့ရပါတယ်။တိုင်ရွန်ကတော့ ပရိသတ်တွေကို အကောင်းဆုံးတွေ ချပြနိုင်ရန်ကြိုးစားနေသူလေးလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတွက် တိုင်ရွန်ရဲ့ အမိုက်စားပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Nyi Nyi Naing
Photo Credit : Nyi Nyi Naing

Source : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။