မော်ဒယ်၊ သရုပ်ဆောင် စူးရှထက်ကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကြောင့် ပုရိသတွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို Photo Shooting တွေလည်း ရိုက်ကူးခဲ့တဲ့ စူးရှထက်က အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စူးရှထက်က အနုပညာအလုပ်အပြင် စီးပွားရေးလုပ်ငန်းကိုလည်း အာရုံစိုက်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

ကိုယ်ပိုင်စီးပွားရေးအဖြစ် စူးရှထက်က ဖက်ရှင်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားပြီး သူမကိုယ်တိုင်ဦးစီးကာ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေ တတ်နိုင်သလောက်ပြုလုပ်နေတဲ့ စူးရှထက်က လတ်တလောမှာတော့ တကယ်လိုအပ်နေတဲ့သူတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။ အခုလည်း စူးရှထက်က ငုံးဥရောင်းနေတဲ့ကောင်လေးတစ်ယောက်ကိုခေါ်ပြီး မုန့်ဖိုးအပါအဝင် မိုးကာအင်္ကျီနဲ့စားစရာတွေ လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

ဒီအကြောင်းကို စူးရှထက်က " မောင်လေးရေ မိုးရွာရင် မိုးကာအင်္ကျီဝတ်ရောင်းရအောင် လက်ဆောင်ပေးမယ်ဆိုတော့ သူ့မှာပျော်နေတယ် ရော့ စားစရာ ရော့ မုန့်ဖိုးဆိုတော့ သူ့မှာအံ့သြပြီး ပျော်ရွှင်နေတဲ့မျက်နှာလေး မကြီး သားငုံးဥလေးကျွေးချင်လို့တဲ့ မကြီးက တစ်ထုပ်နဲ့ မဝဘူး နှစ်ထုပ်ပေးလို့ ကလေးဆီက ဓါးပြတိုက်ခဲ့တယ် စားလို့ကောင်းလိုက်တဲ့ ငုံးဥ" ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပီတိဖြစ်ဖွယ်ကောင်းတဲ့ စူးရှထက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zar Chi's FB Acc

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။