နှုတ်ခမ်းနီမလေးတွေရဲ့ အပြတ်အသတ် တစ်ခဲနက် ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်လောကကို ကူးပြောင်းရောက်ရှိလာသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေပါ လက်ခံရိုက်ကူးနေရတဲ့ ပြည်သူချစ် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။  

Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account

အောင်ရဲလင်းဟာ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး စမတ်ကျကျ ဖက်ရှင်များကို လိုက်ဖက်စွာ ဝတ်ဆင်တတ်တာကြောင့်လည်း နှုတ်ခမ်းနီမလေးက ကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ လက်ခံရိုက်ကူးပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။ အောင်ရဲလင်းဟာ သီချင်းဆိုရတာလည်း ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း ဂီတာတီးကာ သီချင်းဆိုပြတဲ့ သီချင်းတွေကို လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook AccountPhoto Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook AccountPhoto Crd - Aung Ye Lin's Facebook Account

အခုမှာလည်း သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မီးရောင်စုံတွေကြားမှာ သီချင်းလေးရဲ့ စည်းချက်အတိုင်း မြူးမြူးကြွကြွကခုန်နေတဲ့ အောင်ရဲလင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံလေးကိုကြည့်ပြီး ကောင်မလေးတိုင်း ပိုပြီးအချစ်ပိုသွားစေမှာ အမှန်ပါပဲနော်။ ပရိသတ်တွေအတွက် အောင်ရဲလင်းရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Aung Ye Lin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။