ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ အနုပညာရှင်တစ်ယောက်လို့လည်းပြောလို့ရအောင် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးထားတာဖြစ်ပါတယ်။ညီညီမောင်ကို သူမရဲ့ချစ်ပရိသတ်တွေကတော့ သုသု လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့စိတ်ထားလေးနဲ့ ပွင့်လင်းရိုးသားပုံလေးတွေကို ချစ်နေရတာဖြစ်ပါတယ်နော်။သုသုက လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျက်ရှိပါတယ်။

Photo Credit:Nyi Nyi Maung's Facebook Acc/ A Linn Young
Photo Credit:Nyi Nyi Maung's Facebook Acc
Photo Credit:Nyi Nyi Maung's Facebook Acc/ A Linn Young

သုသုကတော့ အခုဆိုရင် (၃၉)နှစ်ပြည့်သွားပြီဖြစ်ပြီး (၃၉)နှစ်အရွယ်လို့ ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေတာဖြစ်ပါတယ်။သူမရဲ့မွေးနေ့လေးမှာ သူငယ်ချင်းမိတ်ဆွေတွေကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားကြတာကို သုသုရဲ့လူမှုကွန်ယက်စာမျက်နှာမှာတွေ့ရပါတယ်နော်။သူမရဲ့ ညီမတွေ၊အဒေါ်တွေနဲ့ အချစ်ဆုံးတပည့်တွေကလည်း မွေးနေ့ကိတ်လှလှလေးနဲ့ မွေးနေ့Suprise လေးလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook Acc
Photo Credit:Nyi Nyi Maung's Facebook Acc

သုသုကတော့ အသက်တစ်နှစ်ကြီးလာပေမယ့် အရွယ်တင်နေတာဖြစ်ပြီး အခုဆိုရင်လည်း"Happy birthday to me ၃၉နှစ်ထိ ကျွေးမွေးပေးကမ်းပြုစု ပေးခဲ့ကြသော မိဘ ဆွေမျိုး ဆရာသမား မိတ်ဆွေ ထမင်းရှင် ၇ရက်သားသမီးများ တစ်လုပ်စားဖူး ကျေးဇူးရှိသူများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားတိုး လာဘ်ရွှင်ကျပါစေ ကြောင်းဆုမွန်ကောင်း ပို့သအပ်ပါတယ်ရှင် "ဆိုပြီး သုသုက သူမရဲ့မွေးနေ့လေးမှာ အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook Acc
Photo Credit:Nyi Nyi Maung's Facebook Acc
Photo Credit:Nyi Nyi Maung's Facebook Acc

Photo Credit:Nyi Nyi Maung's Facebook Acc

Video Credit:Nyi Nyi Maung's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။