photo credit - OGA Dota PIT twitter

OGA Dota PIT S2: China ပွဲစဉ်တွေကတော့ မနက်ဖြန် ဇူလိုင်လ 1 ရက်နေ့ကနေ လာမယ့် 10 ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ စုစုပေါင်းပေးအပ်သွားမယ့် ဆုကြေးငွေကတော့ $90,000 USD ဖြစ်ပြီး စုစုပေါင်း direct invite ရရှိထားတဲ့ dota 2 team 8 teams ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့ dota 2 teams တွေကတော့

CDEC Gaming

PSG.LGD

EHOME

Vici Gaming

Invictus Gaming

Sparking Arrow Gaming

Team Aster

Royal Never Give Up

တို့ပဲဖြစ်ပါတယ်။

Group stage ပွဲစဉ်တွေကိုတော့ ဇူလိုင်လ 1 ရက်နေ့ကနေ 4 ရက်နေ့ထိ ဆော့ကစားသွားမှာဖြစ်ပြီး group နှစ်ခုမှာ နောက်ဆုံးနေရာရရှိတဲ့ နှစ်သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပဲဖြစ်ပါတယ်။

နောက်ထပ်ကျန်ရှိနေတဲ့ ခြောက်သင်းကတော့ playoffs ကိုတက်ရောက်မှာဖြစ်ပြီး lower bracket , upper bracket အသီးသီးဆော့ကစားကာ ဇူလိုင်လ 10 ရက်နေ့မှာ Grand Finals match ကိုဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

OGA Dota PIT S1 တုန်းကတော့ Vici Gaming က champion ဖြစ်ခဲ့ပြီး ယခု S2 မှာတော့ ဘယ် အသင်းက အကောင်းဆုံးလက်စွမ်းပြပြီး Champion ဆုကိုရယူနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။