ပရိသတ်ကြီးရေ တောင့်တင်းလှပပြီး မြင်သူငေးရလောက်တဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံကတော့ ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ အနုပညာလောကထဲကို music videoတွေမှာ စတင်သရုပ်ဆောင်ရင်း ဝင်ရောက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားများစွာကိုလည်း ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပါဝင်ရိုက်ကူးလာသူလေးပါနော်......။

Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page

လတ်တလောမှာတော့ မင်းသမီးချောလေး ဆုအိမ့်စံက အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ Photo shootingတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း Tiktokဗီဒီယိုလေးတွေနဲ့ အမိုက်စားပုံရိပ်လေးတွေကို ရိုက်ကူးပြီး လူမှုကွန်ယက် ဆိုရှယ်မီဒီယာက တဆင့် ချစ်ရတဲ့ ပရိသတ်တွေ ဆီကို မျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ ယနေ့မှာလည်း ပရိသတ်အချစ်တေ်ာမလေး ဆုအိမ့်စံက သူမရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ပိုစ့်တစ်ခုတင်ပေးလာတာပါနော်......။

Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page

ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းအောင် ဓာတ်ဖမ်းနေထား အကြည့်တွေကလည်း ဆွဲဆောင်မှုရှိလွန်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်မိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဆုအိမ့်စံရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ရတဲ့ ပရိသတ်တွေကလည်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်။ ဒါ့အပြင် သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်.....။

Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page

Photo credit - Hsu Eaint San's FB page

Source  - Hsu Eaint San's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။