မင်းသားချောလေး ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားလေးတွေနဲ့ ပရိသတ်တွေကြားမှာ စတင်အောင်မြင်ခဲ့ပြီး သရုပ်ဆောင်ကောင်းတာကြောင့် နောက်ပိုင်းမှာ ပိုပိုပြီးနာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ အမြဲတမ်းနုပျိုနေတဲ့ ဇေရဲထက်က မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်တစ်ဦးလို့တောင် ဆိုနိုင်တာ ဖြစ်ပါတယ်။ ဇေရဲထက်အနေနဲ့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့ပြီး နာမည်တစ်လုံးနဲ့ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-ALinn Yaung Photography
Photo Credit-ALinn Yaung Photography

လက်ရှိမှာတော့ ဇေရဲထက်က အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေပေမယ့်လည်း သူ့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အဆက်မပြတ်မျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလို Stay Home ကာလမှာတော့ ဇေရဲထက်က အိမ်မှာပဲနေပြီး ဟင်းတွေကအစ ကိုယ်တိုင်ချက်ပြုတ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇေရဲထက်က သူချစ်ရတဲ့ အနုပညာမောင်နှမတွေနဲ့ အမှတ်တရတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဇေရဲထက်က "group ရိုက်ရင် အလှမနေတတ်တဲ့ စခွီကောင် " ဆိုပြီး အနုပညာမောင်နှမတွေကြားမှာ ရုပ်ပြောင်လေးလုပ်ပြီး ခွီခဲ့တဲ့ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတစ်ခုမှာ လူစုံတက်စုံနဲ့ ဆုံတွေ့ခဲ့ကြတဲ့ ဇေရဲထက်တို့အနုပညာရှင်တစ်စုကတော့ ဓာတ်ဖမ်းရင်းပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဇေရဲထက်နဲ့ အနုပညာမောင်နှမတစ်စုရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zay Ye Htet's FB Acc 

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။