ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချောရတနာကတော့ သားသမီးနှစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ချောရတနာက သားသမီးတွေမွေးဖွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပြီး အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကိုတဖန်ပြန်လည်လုပ်ဆောင်တော့မှာဖြစ်ပြီး ပထမဦးဆုံးဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးတော့မှာဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Acc
Photo Credit:Chaw Yadanar's Facebook Acc
Photo Credit:Chaw Yadanar's Facebook Acc

ချောရတနာက ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းပျော်ရွှင်စွာနေထိုင်နေပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ချောရတနာရဲ့ သားနဲ့သမီးလေးကလည်း နည်းနည်းအရွယ်ရောက်လာကြပြီဖြစ်ပြီး မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကြပါတယ်နော်။ချောရတနာကလည်း သူမရဲ့မိသားစုလေးကိုအရမ်းချစ်ပြီး အစစအရာရာကို သူမကိုယ်တိုင်ဂရုစိုက်ပေးတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Acc
Photo Credit:Chaw Yadanar's Facebook Acc

ပရိသတ်တွေကတော့ ချောရတနာကိုလည်းချစ်ကြသလို အရမ်းချစ်စရာကောင်းလွန်းတဲ့သူမရဲ့သားနဲ့သမီးကိုလည်းချစ်ကြပါတယ်။ကောင်းသုတကျော်နဲ့CoCo လေးတို့မောင်နှမနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အခုဆိုရင်လည်း ချစ်ညီမလေးက နောက်ကနေလိုက်ဖက်ပြီးစနေပေမယ့် အိုင်တင်ကိုအမိအရလုပ်ကာ Tiktok ကစားထားတဲ့ ကောင်းသုတကျော်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chaw Yadanar's Facebook Acc
Photo Credit:Chaw Yadanar's Facebook Acc
Photo Credit:Chaw Yadanar's Facebook Acc

Source&Photo Credit:Chaw Yadanar's Facebook Acc

Video Credit:Chaw Yadanar's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။