ပရိသတ်ကြီးရေ မော်လ်ဒယ် မင်းသမီးတစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာ ကတော့ သွယ်လျကျစ်လျစ်တဲ့ body အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပုရိသတွေရဲ့ အားပေးဝန်ရံနေရတဲသူလေးပဲဖြစ်ပါတယ်။ နန်းခင်ဇေယျာ က ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် သူမက အနုပညာအလုပ်တွေအပြင် လူမူရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း တက်နိုင်သလောက် ပါဝင်လုပ်ကိုင်ပေးနေတဲ့ လေးစားစရာ အနုပညာရှင်ပဲဖြစ်ပါတယ်။

Photo Credit - Nang Khin Zay Yar

လတ်တလောမှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အချစ်တော်လေး နန်းခင်ဇေယျာ က အရသာရှိပြီး ဈေးသက်သာတဲ့ မာလာရှမ်းကောနဲ့ အခြားအစားစားတွေကို delivery လုပ်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် နန်းခင်ဇေယျာ က နေ့စဉ်ဆိုသလို ခန္ဓာကိုယ်လှပကျစ်လျစ်စေဖို့ အတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးတာကို တွေ့ရပါတယ်။

Photo Credit - Nang Khin Zay Yar

ယခုမှာတော့ အချစ်တော်လေး နန်းခင်ဇေယျာ က ပရိသတ်တွေ ချစ်ခင်အားကျသွားစေလောက်မယ့် ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်နော်...။ ဒီပုံလေးတွေထဲမှာတော့ နန်းခင်ဇေယျာ က လိုက်ဖက်လှတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ထားကာ ချစ်စရာအိုက်တင်လေးတွေနဲ့ ဖမ်းစားထားတာဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီလည်း အချစ်တော်လေး နန်းခင်ဇေယျာ ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nang Khin Zay Yar

Photo Credit - Nang Khin Zay Yar

Source -Nang Khin Zay Yar 's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။