ပရိတ်သတ်ကြီးရေ.....ကိုရီးယားမင်းသားလေးလိုချောမောလှတဲ့ရုပ်ရည်လေးနဲ့ ဆွဲဆောင်မှုရှိသူလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ‌ မော်ဒယ်မင်းသားလေးလင်းအောင်ခတ်ပါ။ သူဟာ tik tokဗီဒီယိုလေးများနဲ့ပရိတ်သတ်‌တွေစတင်သတိထားမိလာခဲ့ပြီး အောင်မြင်မှုရရှိလာတဲ့တက်သစ်စ မင်းသားချောလေးဖြစ်ပါတယ်။ အမိုက်စားဘော်ဒီအချိုးအစားလေးနဲ့ကိုကြီးလင်းအောင်ခတ်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကိုခြွေပြီးရင်းခြွေနေတာပါပဲနော်။

Photo credit-Khun Naung
Photo credit-Khun Naung

လင်းအောင်ခတ်ဟာ တက်သစ်စမင်းသားတစ်ယောက်ဖြစ်သော်လည်း ရုပ်ရှင်ကားကြီးများမှာပါ ပါ၀င်သရုပ်ဆောင်နေပြီဖြစ်ပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့သူတစ်ဦးပါ။ လင်းအောင်ခတ်ဟာ အိမ်မွေးခွေးလေးတွေကိုလည်း ချစ်တတ်တဲ့သူဖြစ်ပြီး အိမ်မှာနေရင်းနဲ့လည်းလေးတွေနဲ့ပျော်ရွှင်စွာအချိန်ကုန်လေ့ရှိသူဖြစ်ပါတယ်။

Photo credit-Khun Naung
Photo credit-Khun Naung

လင်းအောင်ခတ်ဟာ ခန္ဓာကိုယ်အချိုးအစားလည်းတောင့်တင်းပြီး မိန်းကလေးတိုင်းကြွေရတဲ့ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားတာပါ။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ "မောနင်း..မင်း အိပ်ပုတ်နေလို့ ကိုယ် တစ်ယောက်ထဲ လမ်းလျှောက်လို့က်ရတယ်.." ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khun Naung
Photo credit-Khun Naung

Source-Lin Aung Khit's Facebook acc

Photo credit-Khun Naung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။